Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 5, 2014

“တရုတ် လုပ် ကြက်ဥ နှင့် မော်လူးဒေသခံ တို့ရဲ့ ကျန်းမာရေး”


စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊ မော်လူးဘူ
တာတွင် တရုတ်ပြည် မှတင်သွင်းခဲ့သည်ဟု ခန့်မှန်းရသော ကြက်ဥဖာ
၅၇ ဖာ သည် မြစ်ကြီးနားဘူတာမှ တဆင့် ရောက်ရှိခဲ့သဖြင့် စစ်ဆေးရာတွင် အတုဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ
သက်သေမပြနိုင်သဖြင့် မော်လူးဒေသ အတွင်းသို့ ဖြန့်ဖြူးခွင့် ရရှိခဲ့သည်။ ကြက်ဥများ၏ ထူးခြားမှုမှာကြက်ဥအားလုံး အရောင်အတူတူ ၊ အရွယ်အစားအတူ တစ်ပုံစံတည်းပင်ဖြစ်သည်။
သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ စမ်းသပ်ပုံမှာ လည်း ကြော်စား ကြည့်ပြီးစမ်းသပ်ခြင်းလွန်ခဲ့သော (၃)နှစ်ခန့်က သတင်းစာပါ ကြက်ဥအတုအစစ် ခွဲခြားနည်းဖြင့် စမ်းသပ်ကြည့်ခြင်း
များသာ ပြုလုပ်နိုင်ခဲ့ပါသည်။ အမှန်တကယ်အားဖြင့် ဓာတုဗေဒ ဓာတ်ခွဲ ခန်းသို့ ပို့ပြီးစမ်းသပ်မှသာ ပြည့်စုံနိုင်မည်ဟုထင်မိပါသည်။ မည်သို့ပင် ဆုံးဖြတ်စေကာမှု တစ်ဖက်နိုင်ငံမှဝင်ရောက်လာသော ကြက်ဥများဖြစ်နေမည် ဆိုပါက နိုင်ငံတော်မှ တာဝန်ရှိသူများ၏
ခွင့်ပြုမိန့်ပါရမည်ထင်ပါသည်။ ယခု ကြက်ဥ ပိုင်ရှင်များမှ ဘာသက်သေအထောက်အထားမျှပြနိုင်ခြင်းမရှိခဲ့ပေ။ မသင်္ကာဖွယ် ကြက်ဥများဖြစ်နေသည်မှာ အမှန်ပါ။ ကြက်ဥ အတု ဖြစ်ပါလျှင်
လည်း စစ်ဆေးသူများ ၏ ကြော်စားသော နည်းဖြင့် ခွဲခြား၍ မရနိုင်ဘူး ဆိုတာ မူလတန်း ကျောင်းသားလျှင်ပင်သိနိုင်ပါလိမ့်မည်။ တာဝန်ရှိသူများ ၏ မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့်ကြက်ဥ အစစ် (သို့) အတု များသည် မော်လူးဒေသတွင်းရှိ ပြည်သူများထံသို့ ချိုသာသော ဈေးနှုန်းဖြင့်
ရောက်ရှိသွားတော့မည်ဖြစ်သည်။ ဒေသခံပြည်သူပြည်သားများမှာ ဈေးနှုန်းချိုသာသဖြင့်ဝမ်းသာမဆုံး ဖြစ်ကြမည်မှာဧကန်မုချပင်။မည်သို့ပင်ဆိုစေကာမှု နိုင်ငံခြားမှာ တရားမ၀င် ၀င်ရောက်လာသော ဈေးနှုန်းအလွန်ချိုသာသည့်
ကြက်ဥများသည်စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်လွတ်လပ်စွာဖြန့်ဖြူးရောင်းချသဖြင့်ရိုးသားသော ကျေးလက်နေ ပြည်သူများမှာအတွက်လတ်တလောအခြေအနေအတွက်အဆင်ပြေသွားသော်လည်း ရေရှည်မှာအမျိုးအမည်မသိနိုင်သော ရောဂါများ ဖြင့်ကျန်းမာရေး
ထိခိုင်လာနိုင်မည်မှာ သေချာပါသည် ။ ဒေသခံ တရားဝင်ခွင့်ပြုချက်ဖြင့် ကြက်မွှေးမြူသူများအတွက်လည်း အဆင်မပြေဖြစ်နေကြပါသဖြင့်
တရုတ်ပြည်ဘက်မှ ကြက်ဥများ ၀င်ရောက်ဖြန့်ဖြူးနေမှုကို တာဝန်ရှိသူများ
အနေဖြင့် အထူးစစ်ဆေးရန်လိုအပ်နေပြီဖြစ်ပါသည်။

ဒေသခံတစ်ဦး

No comments:

Post a Comment