Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 5, 2014

သြစတြေးလျမှာ ကျောင်းသွားတက်မည့် မေဂရေ့စ်နှင့်တွေ့ဆုံခြင်း

Written by  မေနှင်းကြည်

မော်ဒယ်လောကထဲကို စတင်ဝင်ရောက်လာစဉ်ကတည်းက သူမကို အားလုံး စိတ်ဝင်စားခဲ့ကြပါ တယ်။ ရှိုးပွဲတွေ တော်တော်များများမှာလည်း သူမကို နိုင်ငံခြားသူလေးရယ်လို့ အထင်မှားကြပေ မယ့် နောက်ပိုင်းမှာတော့ သူမဟာ မြန်မာနိုင်ငံသူ ကပြားမလေးလို့ သိသွားတော့ ပိုပြီးအားပေး မှုတွေ ရရှိလာခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေ စိပ်လာတဲ့ သူမကို ကြော်ငြာတွေ၊ ဗီစီဒီတွေမှာလည်း တွေ့လာရပေမယ့် နောက်ပိုင်းမှာတော့ သူမဟာ ပရိသတ်နဲ့ အလှမ်းဝေးကွာမှု နည်းပါးလာခဲ့ပါတယ်။ အခုလည်းပြည်ပမှာ ကျောင်းသွားတက်မယ်လို့ သိရ တာကြောင့် သူမကို အီးမေးလ်ကနေပြီး အင်တာဗျူးလုပ်ကြည့်လိုက်တော့ . . .
မေဂရေ့စ်လက်ရှိ အနုပညာလှုပ်ရှားမှု ပြောပြပေးပါ။
မဂ္ဂဇင်း၊ ဂျာနယ်၊ ဓာတ်ပုံလေးတွေ ရိုက်နေပါတယ်။
ဘယ်ခုနှစ်ကစပြီး မော်ဒယ်လုပ်ခဲ့တာလဲ၊ အနုပညာလောကထဲ ၀င်ဖြစ်ပုံ ပြောပါဦး။
၂၀၁၀ ကစပြီး Model လုပ်ခဲ့တာပါ။ ဆရာဂျွန်လွင်ဆီမှာ သင်တန်းတက်ပြီး ဆရာရဲ့ အားပေးမှုကြောင့် အနုပညာလောကထဲ ရောက်လာတယ်။
ပထမဆုံးရိုက်ကူးတဲ့ ကြော်ငြာနဲ့ အခုချိန်ထိကြော်ငြာပေါင်း ဘယ်လောက် ရိုက်ကူးပြီးပြီလဲ။
ပထမဆုံးက KTM ရေသန့်ကြော်ငြာပါ။ မှတ်မိသလောက် ၁၀ ခုလောက် ရှိမယ်ထင်တယ်။
ကြော်ငြာ မော်ဒယ်အနေနဲ့ပဲ ဆက်လက်ဖြတ်သန်းသွားမှာလား။ ဗီဒီယိုရိုက်ကူးမှုရော ကမ်းလှမ်း မှုတွေရှိလား။
နှစ်ခုစလုံး တွဲလုပ်သွားမှာပါ။ ပထမဆုံးအနေနဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်တဲ့ “ချစ်ခြင်းသီတဲ့လက် များ” မှာ နေတိုးနဲ့ DVD ရိုက်ထားတယ်။ နောက်ပြီး ဦးမီးပွား ရိုက်ထားတဲ့ “ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင် ဇာတ်ကားထဲမှာလည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ သရုပ်ဆောင်ထားတယ်။
အခုချိန်မှာ အောင်မြင်သူတစ်ယောက်ဖြစ်ပြီလို့ သုံးသပ်မိ ပြီလား။
ကျောင်းတစ်ဖက်နဲ့ဆိုတော့ အနုပညာအလုပ်မှာ အားနည်းနေသေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီလို မသုံးသပ်တတ်ပါဘူး။ အောင်မြင်တယ်ဆိုတာက ကိုယ်ပြောတာထက် အားလုံးပြောတဲ့သူပေါ်မှာပဲ မူ တည်ပါတယ်။
ကျောင်းတစ်ဖက်နှင့်ဆိုတော့ ဘယ်ကျောင်းတက်နေတာလဲ။ အနုပညာအလုပ်တွေကော ဘယ်လို ဆက် လုပ်မှာလဲ။
မေအခု သြစတြေးလျ Dekins Universty မှာ Puplic Relationship ဘာသာရပ်နဲ့ မတ်လမှာ ကျောင်း သွားတက်မှာ။ သုံးနှစ်လောက်တော့ ကြာမယ်၊ ရန်ကုန်ကို တစ်နှစ်နှစ်ကြိမ်လောက် ပြန်လာမှာဆိုတော့ အချိန်အားသလောက် လုပ်ဖြစ်မှာပါ။ ဟိုမှာ အနုပညာအလုပ် လုပ်ဖို့မရှိပါဘူး။
အနုပညာအလုပ်တွေလုပ်ရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်လား (သို့မဟုတ်) မိခင် ဖြစ်သူ၊ မိဘ ဖြစ်သူတို့ရဲ့ ထိန်းချုပ်မှုတွေနဲ့ လုပ်လေ့ရှိလား။
လုပ်ခါစနှစ်ဦးပိုင်းမှာ မေမေပဲ စဉ်းစားပေးခဲ့တယ်။ အခုတော့ မေမေလည်း မအားတော့ မေကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပါတယ်။
အနုပညာလောကထဲကို ၀င်ရောက်လာတဲ့ မော်ဒယ်တွေအများကြီးရှိတယ်။ ဒါပေမဲ့ ရိုးသားခြင်းနဲ့ ၀င်ရောက်လာတာ နည်းတယ်။ အဲဒီအပေါ် မေဂရေစ့် ဘယ်လိုပြောချင်လဲ။
အနုပညာကိုချစ်လို့ ၀င်ရောက်လာ သူတိုင်းကို မေကအားပေးမှာပါ။ အဓိက က ကိုယ်လုပ်တဲ့ အနုပညာ အလုပ်ပေါ်မှာ တာဝန်ကျေဖို့ပဲ လိုပါတယ်။
ဒီလို ၀င်ရောက်လာတာက ရေရှည်ရော တည်တံ့ပါ့မလား။
အနုပညာ အရည်အချင်း တကယ်ရှိရင်တော့ ရေရှည်တည်တံ့မှာပါ။
ကိုယ်လုပ်တဲ့ အနုပညာအလုပ်တွေမှာ မကျေနပ်မှုတွေ စိတ်တိုင်းမကျတာတွေ ရှိလား။
စ၀င်တုန်းက စိတ်တိုင်းမကျတာတွေ ရှိခဲ့ပေမဲ့ မကျေနပ်တာတော့ မရှိပါဘူး။
Mizzima

No comments:

Post a Comment