Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

ပျံသန်းနေသော ၀ိုင်ယာလစ် Mouse

Bat လို့ခေါ်တွင်ပြီး လေပေါ် ပျံသန်းနေသော
ဝိုင်ယာလစ် မောက်စ်တစ်မျိုးကို KIBARDIN ၀က်လ်ဆိုဒ်က ထုတ်ဖော်ပြသခဲ့ပါတယ်။
ထိုသို့ Mouse pad ပေါ်တွင် မောက်စ်ကို လွှင့်မျှော်နေအောင် သံလိုက်စက်ကွင်း ဖြင့်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ထုတ်လုပ်ရတဲ့ ရည်ရွှယ်ချက်
ကုန်ပစ္စည်း ထုတ်လုပ်ရတဲ့ တစ်ခုသောရည်ရွယ်ချက်ကတော့ ခေတ်နဲ့အပြိုင် ကွန်ပျူတာအသုံးများသူတွေမှာ ဖြစ်နိင်သော လက်မျက်ရိုး တစ်လျှောက်
ရောဂါလက္ခဏာများနဲ့ ပျဉ်းမျှလက်အာရုံကြော ညပ် ရောဂါများကို တားဆီးကာကွယ်ရန် အတွက် ဖြစ်ပါတယ်။ ထို လက်မျက်ရိုး ရောဂါ လက္ခဏာကတော့
လက်ရဲ့ ရွေ့လျားမူ၊ အာရုံခံစားမူတွေကို ထောက်ပံပေးထားတဲ့ လက်ကောက်ဝတ်ရှိအာရုံကြောပေါ်မှာ ဖိအား သက်ရောက်တဲ့ အခြေအနေတစ်မျိုးဖြစ်ပြီး
လက်ကောက်ဝတ် တဆစ်ဆစ်ဖြစ်စေခြင်း ကိုက်စေခြင်းနဲ့၊ လက်နဲ့ လက်ချောင်းများအားနည်းခြင်း၊ မလှုပ်ရှားနိင်စေခြင်းတို့ကို ဖြစ်စေနိင်ပါတယ်။
အဆိုပါ product အသစ်ဟာဆိုရင် အထက်ပါရောဂါတွေကို ကာကွယ်ရုံနိင်တင်မက ကြိုတင် တားဆီးနိင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ စမ်းသပ်နေဆဲ
အချိန်ကာလအတွင်းမှာသာရှိနေပါသေးတယ်။
အသေးစိတ်အချက်အလက်များ
စွမ်းအားထောက်ပံမူအပိုင်း: universal AC adapter,
input 100-240V, output 18V
လေပေါ်က အမြင့် : 0g – 40mm, 1000g- 10mm
အသုံးပြုမူ ပစ္စည်း : ABS ကလတ်စတစ်
အရောင် : အဖြူ (သို့) အမည်း
အတိုင်းအတာ
အရွှယ်အစားများ : W135mm x D145mm x H40mm
အလေးချိန် : 2000g
ထုတ်လုပ်မည့်နိင်ငံများ : နယ်သာလန် ၊ တရုတ်
_______________________________
Aung Heine ( Smart Pro Journal )

No comments:

Post a Comment