Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 7, 2014

ထိုင်းရှိ မြန်မာဒုက္ခသည်များ နိုင်ငံတကာတွင် ခိုလှုံခွင့်ရရန် ဆက်လက်ကြိုးပမ်းမည်

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ၏ တစ်ဦးချင်းအခြေခံလိုအပ်ချက်ပေါ် မူတည်၍ ဒုက္ခသည်အဖြစ် နိုင်ငံအသီးသီးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူက ပြောသည်။

အမေရိကန်နိုင်ငံက မြန်မာဒုက္ခသည်များကို ခိုလှုံခွင့်ပေးသော ကိုးနှစ်အစီအစဉ်မှာ သက်တမ်းပြည့်သွားပြီဖြစ်၍ ရပ်ဆိုင်းလိုက်ခြင်းမှာ ပြည်လည်နေရာချထားခြင်း အပြည့်အ၀ရပ်ဆိုင်းလိုက်ခြင်းကို မဆိုလိုဘဲ ဒုက္ခသည်များ၏ တစ်ဦးချင်းအခြေခံ အထူးကာကွယ်မှုလိုအပ်ချက်အရ နိုင်ငံအသီးသီးသို့ ဆက်လက်တင်ပြသွားမည်ဟု UNHCR ၏ ထိုင်းနိုင်ငံ ဌာနေကိုယ်စားလှယ် မီရီရာလီရီရော့က ပြောသည်။

““နိုင်ငံအသီးသီးဆီကို တစ်ဦးချင်းအခြေခံတဲ့ အထူးကာကွယ်မှုလိုအပ်ချက်အရ ဒုက္ခသည်ခိုလှုံခွင့်ကို  UNHCR အနေနဲ့ ဆက်လက်တင်ပြဆောင်ရွက်သွားပါ့မယ်။ ထိုင်းအစိုးရနဲ့ ပြန်လည်နေရာချထားပေးတဲ့နိုင်ငံတွေ ပူးပေါင်းပြီးတော့ မိသားစုတွေ ပြန်လည်ပေါင်းဆုံနိုင်ဖို့နဲ့ အတူတကွပြန်လည်အခြေချနိုင်ဖို့ ဆောင်ရွက်နေပါတယ်””ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း ကိုးခုတွင် မြန်မာဒုက္ခသည်အရေအတွက်မှာ စာရင်းမသွင်းရသေးသူ လေးသောင်းကျော်အပါအ၀င် တစ်သိန်းနှစ်သောင်းခန့်ရှိနေကြောင်း ထိုင်းအာဏာပိုင်များက ခန့်မှန်းထားသည်။လွန်ခဲ့သည့် ကိုးနှစ်တာကာလက ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည် တစ်သောင်းကိုးထောင်ခန့်မှာ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်နှင့် ဖင်လန်နိုင်ငံတို့တွင် ခိုလှုံခွင့်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံက ရှစ်သောင်းကျော် လက်ခံကာ အများဆုံးခိုလှုံခွင့်ပေးခဲ့သည်။

ထိုင်းနှင့် မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအနေဖြင့် အခြားနိုင်ငံများသို့ ခိုလှုံခွင့်တောင်းခံရခြင်း၏ အဓိကအချက်မှာ ကလေးငယ်များ၏ ပညာရေးအနာဂတ်ကြောင့်ဖြစ်သော်လည်း ၎င်းတို့၏ တိုင်းရင်းသားယဉ်ကျေးမှုအစဉ်အလာများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ကြောင်း မြန်မာဒုက္ခသည်များက ဆိုသည်။

စံချိန်တင်ကြာမြင့်နေသော ပြည်တွင်းစစ်အခြေအနေကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများသည် ထိုင်းနယ်စပ်ရှိ ဒုက္ခစခန်းများသို့ ရောက်ရှိနေပြီး ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကြောင့် နေရပ်ပြန်နိုင်ရန် မျှော်လင့်နိုင်ဖွယ်ရှိနေသည်။

Author:  နေလင်းထွန်း
7day Daily

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်အချို့ကိုတွေ့ရစဉ် DENNIS M. SABANGAN/EPA

No comments:

Post a Comment