Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 27, 2014

ဗီယမ်နမ်အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်းနှင့်အတူ တယောထိုးခဲ့ဖူးသည့် တယောဦးတင်ရီ

လွန်ခဲ့သည့်နှစ်ပေါင်း ၃ဝကျော်လောက်ကတည်းက မြန်မာသံစဉ်နှင့် အနောက်တိုင်းသံစဉ်တို့ကို ပေါင်းစပ်၍ အော်ဂတ်စထရာတီးဝိုင်း ထူ ထောင်ကာဂီတပွဲများ၊ ဧည့်ခံ ပွဲများ၊ မင်္ဂလာပွဲများ၊ ညစာစား ပွဲများတွင် ဖျော်ဖြေတင်ဆက် ခဲ့ကြသည့်တယောဦးတင်ရီနှင့် အဖွဲ့တူရိယာဝိုင်းနှင့် ပတ်သက်ပြီးတယောပညာရှင်ဦး တင်ရီအား တွေ့ ဆုံမေးမြန်းဖြစ် ခဲ့သည်။ စတင်ဖွဲ့ စည်းချိန်တွင် အခက်အခဲများစွာနှင့် ရင်ဆိုင် ခဲ့ရပုံများကို တယောဦးတင်ရီက

“ဆရာရွှေပြည်အေး၊ ဆရာ ဦးလှထွဋ်၊ ဆရာဦးကိုကို၊ အေဝမ်းခင်မောင်တို့နဲ့ စတင်ပြီး တီး ခဲ့တာပါ။ အဲဒီလိုဆရာကြီး တွေနဲ့ လိုက်ပြီးတော့မှသူတို့ အယူအဆလေးတွေ သင်ရင်း ကြားရင်းတီးခဲ့တယ်။ နောက် ပိုင်းကျတော့ သူတို့ ဆီလိုက် မတီးတော့ဘဲ ကိုယ့်ဘာသာ ကိုယ်တယောဝိုင်းဖွဲ့လိုက်တယ်။

အဲဒီအချိန်တုန်းကကျွန်တော်က မြန်မာ့အသံမှာလုပ်တယ်။ တယော ၄၊ ၅၊ ၆ ယောက် လောက်နဲ့ ချယ်လိုတို့၊ ဘေ့စ်တို့တိုက်နေတော့ လူတွေက ကျွန်တော့်ကို မြန်မာသီချင်း တွေကို အင်တာနေရှင်နယ်နဲ့ ဘာတွေလုပ်နေမှန်းမသိဘူး ပြောတာခံရတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်မပျက်ဘူး။

မြန်မာ့အသံတီဗီနှစ်ပတ်လည် လေးနှစ်မြောက်တဲ့အချိန်အခါ မှာ ကျွန်တော်က ကိုသစ္စာကို တိုင်ပင်ပြီးတော့ တစ်ဝိုင်း လောက်ပေးပါလို့ တောင်းပြီး ကျေးစေတမန်တို့ ဘာတို့ကို အင်တာနေရှင်နယ်နည်းနဲ့ ခွဲခြမ်းစိတ်ဖြာပြီးတော့ တီးခဲ့ တယ်။ အရေးအခင်းမတိုင်ခင်၁၉၈ဝလောက်ကပေါ့။ ပရိသတ် က တော်တော်ကျေနပ်သွားပုံရ ပါတယ်။ အဲဒီအချိန်အခါ တုန်းက မင်းသားကြီးဝင်းဦးနဲ့ ကျွန်တော်နဲ့စကားများထား တယ်။ အဲဒီအချိန်အခါမှာ အဲဒါ လေး ထလုပ်လိုက်တော့ မင်းသား ကြီး ဦးဝင်းဦးက သတင်းစာ မှာ ဘာရေးလိုက်လဲဆိုတော့သဲကန္တာရ မှာစမ်းရေကြည်လေး တစ်ပေါက် သောက်လိုက်ရသလိုပဲ။ အင်မတန် အေးမြပါတယ်ဆိုပြီးတော့ ရေး လိုက်ပါတယ်။ အဲဒီက စတာ ပေါ့”ဟုဆိုသည်။

အော်ဂတ်စထရာတီးဝိုင်း များ ရှားပါးသောခေတ်၌ စတင် လှုပ်ရှားခဲ့သည့် တယောဦးတင် ရီနှင့်အဖွဲ့ တူရိယာဝိုင်း၏ အဓိကဖန်တီးချင်သည့် ဂီတ အကြောင်းများနှင့် မည်ကဲ့သို့ ဖန်တီးခဲ့ရပုံများကိုလည်း “မြန်မာ သီချင်းတွေကို Classical ဖြစ် အောင်ဖန်တီးချင်တယ်။ Rhythm Section ပါရမယ်။ Harmony Section ပါရမယ်။ Melody လည်း မပျောက်ရဘူး။ အဲဒီလို ဥစ္စာကို တယောနဲ့ ဖန်တီး တဲ့အခါမှာ တစ်ခုတစ်ခုကို တော်တော်ဖန်တီးရပါတယ်။

တယောဝိုင်းဆိုတာဂစ်တာကော့ဒ် ပေးသလို မဟုတ်ဘူး။ တစ်လုံးချင်းတိတိကျကျပေးပြီးတော့မှ တီးရတာ။ ညီအောင်လည်း တော်တော်တိုက်ရပါတယ်။ ဒါ ကြောင့် ကျွန်တော်က အဆိုနဲ့ သိပ်မတီးဖြစ်တာပါ။ အော်ဂတ်စထရာဆိုတာဟာ ရှင်းရှင်းပြောရရင် ဆရာမြို့မငြိမ်းပြီးတဲ့ နောက်ပိုင်းကျွန်တော်စလုပ်ခဲ့တာပါ” ဟုတယောဦးတင်ရီက ပြောသည်။

ဂီတကိုလေ့လာလိုက်စားလိုသူ ဝါသနာရှင်များအတွက် တယောဦးတင်ရီဦးစီးသော ဂီတသင်တန်းတွင် တယော၊ စန္ဒရား၊ အဆို၊ ဂစ်တာ၊ ပန်းချီတို့အား သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းမှ ပညာ ရှင်မျိုးဆက်သစ်များအားမည်သို့ မွေးထုတ်ပေးနေသည်ကို တယော ဦးတင်ရီက

“ကျွန်တော်သင်ပေးတာက သူတို့လိုက်စားချင်တာ၊ သူတို့လုပ်ချင်တဲ့အရာကိုကျွန်တော် မပြောဘူး။ လမ်းကြောင်းက ဒါဆိုတာ ဦးတည်ပေးတာပါ။ ဝါသနာအရ လေ့လာတာရှိမယ်။ ပရော်ဖက်ရှင်နယ် အရ လေ့လာတာရှိမယ်။ ကျွန်တော့်ဆီလာတဲ့ သူတွေကို အပျော်တမ်းသင်မယ်ဆိုရင်မလာနဲ့။ ပရော်ဖက်ရှင်နယ် လုပ်မယ်ဆိုရင်တော့ လာခဲ့ပါလို့ပြောတယ်။တွဲသင်ပေးမယ်။ အဲဒါထက်မက နိုင်ငံခြားမှာ သွားပြီးတော့ ပညာသင်ချင်တာလား၊ ရတယ်။ ဒီကနေ စာမေး ပွဲ ဖြေမှာလား။ သင်ပေးမယ်။ ဖြေနိုင်အောင်သင်ပေးလိုက်မယ်။ အဲဒီလို သင်ပေးလို့ N.U.S မှာ ၂ ယောက်ရှိတယ်။ အဲဒီလိုထူးချွန်တဲ့၊ ကြိုးစားတဲ့ သူမျိုးကို သင်ပေးပါတယ်” ဟု ပြောပြသည်။

ဗီယက်နမ်အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း နှင့်အတူ တယောထိုးခဲ့ဖူးသည့် အမှတ်တရအား ပြန်လည် ပြော ပြသည့် ဦးတင်ရီက တယောထိုး သည့် ဂီတပညာရပ်နှ င့် ပတ်သက်ပြီး

“အသံလွှင့်ရုံမှာကျွန်တော် အလုပ်လုပ်နေတဲ့အချိန်ပေါ့။ အသံလွှင်ရုံ A ခန်းအတွင်းမှာ ကျွန်တော်တယောထိုးနေတဲ့အချိန် ဟိုချီမင်းက ဒီကိုလေ့လာ ရင်းနဲ့ ရောက်လာတယ်။ မင်း နဲ့ငါ တယောထိုးချင်တယ်ဆိုလို့ တယောတစ်လက်ယူပေးလိုက်တယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် တယောထိုးပြီးတဲ့အချိန်မှာ ဟိုချီမင်းက ငယ်စဉ်တုန်းက ငါ တယောထိုးဖူးတယ်တဲ့။ တယောကို နည်းနည်းလေးထိုးတတ်ရင် တိုင်းပြည်အုပ်ချုပ်တာလွယ်သွားပါတယ်လို့ ပြောပါတယ်။

တယောကို နည်းနည်းလေးထိုးတတ်ရင် အလုပ်ဟူသမျှ စည်းကမ်းတကျ လုပ်တတ်တယ်လို့ ပြောပါတယ်။ တယောဟာ တကယ်တော့ လက်၊ပခုံးအကုန်လုံး ညီနေရမယ်။ တစ်ချက်လွဲသွားရင် တစ်ချက်အသံတိမ်းသွားတာပဲ။

စိတ်ကိုတည်ငြိမ် အောင်ထားပြီး တော့ နောက်ဆုံးဘိုးတံတစ်ဆွဲ တစ်ဆန့်ကို ကွေးတယ်။ ဆန့်တယ်ဆိုပြီးတော့မှအသံကို ဥာဏ်နဲ့မြင်ေ အာင်ကျင့်ပြီး တော့မှ လုပ်ရတဲ့ အလုပ်မျိုး ဖြစ်ပါတယ်” ဟု ဗဟု သုတဖြစ်ဖွယ်ပြောပြခဲ့သည်။

မျိုးမောင်
Popular Journal

No comments:

Post a Comment