Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 27, 2014

တရုတ်အမျိုးသားနှင့် လက်ထပ်ခဲ့သော အမျိုးသမီးငယ် ပျောက်ဆုံးနေ

တိုက်ကြီးမြို့နယ် ဥက္ကံရှမ်းစု ကျေးရွာတွင် တရုတ်နိုင်ငံသားတစ် ဦးနှင့်လက်ထပ်ခဲ့သော မြန်မာအမျိုး သမီးငယ်တစ်ဦး ပျောက်ဆုံးနေ သည်ဟုဆိုကာ လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေးတပ်ဖွဲ့သို့ တိုင်ကြား ခဲ့ကြောင်း တိုင်ကြားသူရှမ်းစုကျေး ရွာသားဦးမြင့်ဝေက ပြောသည်။

အဆိုပါတိုင်ကြားမှုကို ဖေ ဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးလူကုန် ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့သို့ လူကိုယ်တိုင် သွားရောက်တိုင်ကြား ခဲ့သည့်အပြင် ရန်ကုန်စာတိုက်ကြီး မှလည်း အမြန်ချောပို့ဖြင့် တိုင်ကြား စာကို ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

''ရွာနာလို့တိုင်တာ၊ နိုင်ငံခြား သားက ရွာမှာလာအိပ်လို့ရလား၊ လက်ထပ်တာကို ကျေးရွာအုပ်ချုပ် ရေးမှူးက ခွင့်ပြုလို့ရလားဆိုတာ သိချင်တယ်''ဟု တိုင်ကြားသူ ရှမ်း စုရွာသားဦးမြင့်ဝေက ဆိုသည်။

လက်ထပ်ခဲ့သော တရုတ်နိုင်ငံ သားမှာ မစ္စတာကျောက်စုန်ထောင် ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ယင်းရှမ်းစုကျေးရွာနေ ဦးတင်အေး၏သမီးနှင့် လက်ထပ် ထိမ်းမြားခဲ့ကြောင်း၊ အမျိုးသမီး ငယ်မှာ အသက် ၃ဝ ခန့်ရှိသော် လည်း မစ္စတာကျောက်စုန်ထောင် မှာ အသက် ၆ဝ ခန့်ရှိပြီး မြန်မာ စကားမပြောတတ်ကြောင်း တိုင် ကြားသူ ရှမ်းစုရွာသား ဦးသန်း မောင်က ပြောသည်။

''အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆို တာရှိတယ်။ ခုကိစ္စကတစ်မျိုးသား လုံးနဲ့သက်ဆိုင်တယ်။ မြို့နယ်အ ဆင့်မှာလဲတိုင်ပြီးပြီ။ ဘာမှ ဖြစ် မလာဘူး''ဟု ယင်းက ပြောသည်။
အထက်ပါကိစ္စနှင့်ပတ်သက် ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်မှ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးလူ ကုန်ကူးမှု တားဆီးနှိမ်နင်းရေးအ ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာတာ ဝန်ကျဝန်ထမ်းက ''ကျွန်တော်တို့ ဌာနက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကာယကံရှင်မိဘကို ခေါ်ယူစစ် ဆေးနေပါတယ်''ဟု ဖြေဆိုသည်။

မင်းအောင်ခိုင် ၊ ရန်ကုန် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၉)


No comments:

Post a Comment