Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 3, 2014

အလှအတွက် ဘ၀ပျက်သွားရတဲ့ မိန်းမလှလေး လင်ဒါ

 
လှစေလိုလို့ သွားချောင်တိုက်  ရေစီးကမ်းပြိုလိုက်  ဆိုတဲ့ မြန်မာစကားပုံဟာ လင်ဒါပီရက်လို့ အလှ အလွန်မက်တဲ့ မိန်းကလေးငယ်တွေအတွက် ရည်ရွယ်ပြီးပေါ်ပေါက်လာပုံရပါတယ်။
အသက် ၁၈နှစ်ပဲရှိသေးတဲ့ လင်ဒါပီရက်ဟာ ငယ်ရွယ်နုပျိုတာကြောင့် ကလေးတစ်ယောက်အမေ လို့ ဘယ်သူမှ မထင်နိုင်ပါဘူး။
ဒါပေမယ့် လှသထက်လှလို တဲ့ အမျိုးသမီးတို့ ရဲ့  အလှလောဘဇောတိုက်တွန်းမှုကြောင့်  သူ့ ရဲ့ ရင်သားကိုပိုကြီးလာအောင်ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။

ခွဲစိတ်ခန်းကထွက်လာခဲ့ပြီးနောက်မှာတော့  မလှုပ်မရှားနိုင်၊စကား လေးငါးလုံးမျှ သာပြောနိုင်တော့တဲ့ ဒုက္ခိတဘ၀ရောက်ခဲ့ရတဲ့ လင်ဒါပီရက် ရဲ့ အဖြစ်ကသင်ခန်းစာယူစရာ၊ရင်နင့် စရာပါ။

အခုအသက် ၁၉နှစ်ရှိပြီဖြစ်တဲ့လင်ဒါဟာ မူလအခြေအနေအတိုင်းပြန်ကောင်းလာဖို့ ဆရာဝန်တွေက သိပ်မမျှော်လင့်တော့ပါဘူး။သူ့ မိခင်ကတော့ သူ့ သမီးပြန်ကောင်းလာဖို့ မျှော်လင့်နေတုန်းပါ။ 
"သမီးက အသက်ရှင်နေတယ်။ အခုသမီးက ကျမအိမ်မှာရှိနေတယ်။ သူ ပြန်ကောင်းလာဖို့ မျှော်လင့်ချက်တော့ရှိနေတုန်းပါပဲ"အရင်ကအစာကိုပိုက်နဲ့ တပ်ကျွေးရပေမယ့် အခုတော့ ပိုက်ကိုတပ်စရာ မလိုတော့ဘူးတဲ့။ သမီးရဲ့ အခြေအနေတိုးတက်လာတယ်လို့ မိခင်ဖြစ်သူက ယူဆပါတယ်။
 
လင်ဒါဟာ သူ့ သားကိုမွေးစဉ်က မေ့ဆေးနဲ့ အဆင်မပြေဖြစ်ဖူးတာကို ဆရာဝန်တွေ ကိုပြောမပြခဲ့ဖူး လို့ ဆိုပါတယ်။ တကယ်လို့ ဆရာဝန်တွေကိုပြောပြခဲ့ရင် ခွဲစိတ်မှုကို ပုံစံတမျိုးနဲ့  ချဉ်းကပ်ပြီးခွဲစိတ်ဖြစ် ခဲ့မယ် လို့ ဆရာဝန်တွေကပြောပါတယ်။

လင်ဒါက ရင်သားကို ခွဲစိတ်ပြုပြင်ဖို့  ဒေါ်လာ ၂၈၀၀ အကုန်ခံပြီး  The Coral Gables Cosmetic Center မှာ သွားရောက် ခွဲစိတ်ခဲ့ပါတယ်။ အဲဒီ ငွေဟာ ပုံမှန်ခွဲစိတ်နေကျနှုန်းထက် တစ်ဝက်လောက်ကိုသက် သာ တဲ့ဈေးနှုန်းပါ။ရင်သား ခွဲစိတ်ပြုပြင်နေတုန်းမှာ နှလုံးခုန်ရပ်သွားတယ်လို့  သူ့ မိသားစုကပြောပါတယ်။ ဒီခွဲစိတ်မှု ဖြစ်စဉ်မှာသူ့ ရဲ့  နှလုံးနဲ့ ဦးနှောက်ယိုယွင်းသွားခဲ့ရပါတယ်။

သူ့ ကိုခွဲစိတ်ပေးတဲ့ ဒေါက်တာဖရေးမင်းဟာ ခွဲစိတ်ရာမှာနာမည်ပျက်ရှိခဲ့သူမဟုတ်ပါဘူး။
ဒေါက်တာဖရေးမင်းပြောပြတာက  ကလေးမဟာ သူ့ သားမွေးစဉ်တုန်း ကမေ့ဆေးနဲ့ အဆင်မပြေ ဖြစ် ခဲ့တာကို သိကြောင်း။ ဒီအချက်အလက်ကိုသူ့ ကိုမပြောခဲ့ကြောင်း။အကယ်၍ပြောခဲ့ရင် ခွဲစိတ်မှုမပြုလုပ်မှာ စိုးရိမ်တဲ့အတွက် ထိန်ချန်ထားခဲ့ကြောင်းပြောပါတယ်။
ဆရာဝန်တွေနဲ့ ခွဲစိတ်ဖို့ တိုင်ပင်စဉ်ကသူ့ မှာ အသက်၈နှစ်လောက်က တက် တဲ့ရောဂါရှိကြောင်း၊။နောက် ပိုင်း မတက်တော့ တဲ့အတွက် ဆေးဝါးကုသတာမျိုးမလုပ်ခဲ့ကြောင်း ၊အဆုတ်နှလုံးနဲ့ ပတ်သက်ပြီးပြဿနာ မရှိကြောင်း၊ဆေးလိပ်ဖြတ်ထားကြောင်း စတဲ့အချက်အလက်တွေကိုသာဆရာဝန်တွေ ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီခွဲစိတ်မှုမှာ မေ့ဆေးတာဝန်ယူတဲ့မေ့ဆေးဆရာဝန် ဒေါက်တာ မာရီယိုကတော့ အင်တာနက်ကနေ အနာအကျင်ပျောက်ဆေးတွေ တရားမ၀င်ရောင်းဝယ်မှုနဲ့ နာမည်ပျက် ထားသူဖြစ်ပါ တယ်။ ဒေါက် တာမာရီယိုက ၂၀၀၆ မှာ နာကျင်မှုသက်သာစေတဲ့ဆေးလုံးပေါင်း ငါးသောင်း သုံးထောင် တရားမ၀င်ရောင်း ချလို့ ထောင်ကျခဲ့ပါတယ်။ဖလော်ရီဒါဆေးကုသခွင့်လိုင်စင်ခြောက်လ အပိတ်ခံခဲ့ရပါတယ်။

ခုတော့ လင်ဒါရဲ့ မိဘတွေက သူတို့ ရဲ့  လေးနှစ်သားမြေးကိုစောင့်ရှောက်ခွင့်တရားရုံး မှာလျှောက် ထားပါတယ်။ သူတို့ သမီးကိုခွဲစိတ်ခဲ့တဲ့ဆရာဝန်တွေ ကိုလည်းတရားစွဲဖို့ ပြင် ဆင်နေပါ တယ်။
အလှအလွန်မက်ပြီး လှဖို့ အတွက်ဘာမဆိုလုပ်မယ်ဆိုတဲ့ မိန်းကလေးငယ်များ အလှအတွက်ကြောင့် လူ့ ဖြစ် ရှုံး ပြီးဒုက္ခိတလုံးလုံးဖြစ်သွားရတဲ့ လင်ဒါပီရက်ရဲ့ ဘ၀အကြောင်းဖတ်ရှုပြီး သင်ခန်းစာ ယူနိုင်ကြပါစေ။
the melting pot 4 U
(ကူးမယ်ဆိုရင်တော့  the melting pot 4U မှကူးကြောင်း ခရက်ဒစ်လေးပေးသွားကြပါရန်မေတ္တာရပ်ခံပါတယ်)

အလှအတွက် ဘ၀ပျက်သွားရရှာတဲ့ လင်ဒါ
တချိန်က လှပလန်းဆန်းနေတဲ့မိန်းကလေး

ခုတော့အိပ်ယာထက်မှာမလှုပ်ရှားနိုင်တော့။




Source




No comments:

Post a Comment