Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 27, 2014

အိမ်ထောင်ကျသွားပေမဲ့ အခုထိ နေသားမကျသေးဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း



 
စန္ဒီ on 2014-02-27 14:30ချစ်စရာအသံချိုချိုလေးနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်သလို
သရုပ်ဆောင်ဘက်မှာလည်း ခြေလှမ်းမှန်မှန်နဲ့ အနုပညာလမ်းကို လျှောက်လှမ်းနေတဲ့ အဆိုတော်၊ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခိုက် လတ်တလော သူမရဲ့အနုပညာလှုပ်ရှားတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ  ‘အခုလတ်တလောကတော့ အကြွေးကျန်တဲ့Duet အခွေအတွက် အသံသွင်းဖို့ရယ်၊ နောက်တစ်ချို့ သီချင်းတွေ ကျန်တာ တီးဖို့ရယ် လုပ်နေတယ်။ ပြီးရင် မတ်လ၁၆ရက် နေ့မှာ ကိုရီးယားပွဲသွားမယ်။ ကိုရီးယားကနေပြန်လာမှ ကားရိုက်တွေပြန်စမယ်။ တစ်ကိုယ်တော်လိုက်ရှိုးလုပ်ဖို့လည်း ရှိပါတယ်။ ပထမတုန်းကတော့ မင်္ဂလာမဆောင်ခင်မှာ လိုက်ရှိုး လုပ်မလို့ပါပဲ။ မလုပ်ဖြစ်လိုက်ဘူး။ အားလုံး အေးဆေးဖြစ်သွားပြီဆိုတဲ့ အချိန်ကျမှ လုပ်ဖြစ်တော့မယ်။ အခုတော့ အလုပ်ကြွေးတွေ ကျန်နေသေးတယ်။ မတ်လ၂၃ရက်နေ့မှာ ကိုဘိုဆန်းလုပ်တဲ့ ရှိုးပွဲရှိမယ်။’လို့ သူက ပြောပါတယ်။
ခုချိန်မှာ အိမ်ထောင်ရှင်မ ဖြစ်သွားပြီဖြစ်တဲ့ ၀ိုင်းစုကို အိမ်မှုကိစ္စအတွက် ဘာတွေ တာဝန်ယူရတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တော့ သူက‘အိမ်မှုကိစ္စတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာတွေနဲ့ ချုပ်ချယ်ထားတာတွေမရှိပါဘူး။ ဘယ်အရာမှလည်း မချုပ်ချယ်ထားခဲ့ဘူးဆိုတော့ အရင်တိုင်းပါပဲ။ ဝိုင်းစု စိတ်တိုင်းကျနေလို့ရတယ်။ သူလည်း သူ့အလုပ်နဲ့သူ။ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ပေါ့နော်။ တစ်ခါတစ်လေကျရင်လည်း ကိုယ့်ကိုကိုယ် အရင်အတိုင်းပဲ လို့ထင်ထားမိတယ်။ တစ်ချက်တစ်ချက်ကျရင် ငါအိမ်ထောင်သည်ပဲ၊ အိမ်ထောင်ကျသွားပြီပဲဆိုတဲ့ အဲဒီလိုဖီလင်မျိုးတော့ဖြစ်မိပါတယ်။ ဘယ်လိုပြောမလဲ နေသားတော့မကျသေးဘူးပေါ့နော်’တဲ့။
Trend Myanmar

No comments:

Post a Comment