Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

မင်းသမီးနှစ်လက် အားပြိုင်မှုများကို တွေ့ရမည့် “မာယာပရောဂျက်” ရုပ်ရှင်ဇာတ်ကား


ရန်ကုန်၊ မဇ္ဈိမ ။           ။ ရုပ်ရှင်ရုံများတွင် ယနေ့အချိန်ထိ ပြသနေသည့် မြန်မာရုပ်ရှင်ဇာတ်ကားများသည် ဟာသကားများကို သာ တွေ့ရသည်က များသည်။ ယင်းပြသနေသည့် ဟာသဇာတ်ကားများထဲတွင် မေတ္တာဘွဲ့ဇာတ်လမ်းပြသမှု များ နှင့် လူငယ်ချင်း အချစ်ဇာတ်လမ်း အားပြိုင်မှုများ သည် နည်းပါးလျက်ရှိသည်ကို တွေ့လာရသည်။
ယခုအခါတွင် အဆိုပါဟာသ ဇာတ်ကားများထဲမှ ခွဲထွက်ပြီး ပရိသတ်များ၏ ခံစားမှုရသအမြင်များ ပြောင်း လဲစေရန်အတွက် ဒါရိုက်တာတစ်ဦးက ဖန်တီးလာသည်ကို တွေ့ရသည်။
512x512_20140224_174259_329.jpgလူငယ်အချင်းချင်း အားပြိုင်မှုများနှင့် စိန်ခေါ်မှုဇာတ်လမ်းများကို အများအပြား ရိုက်ကူးတင်ပြသူသည် ဒါရိုက်တာဝိုင်းဖြစ်ပြီး ယင်းသည် အကယ်ဒမီမင်းသမီးနှစ်လက် နှင့် အကယ်ဒမီမင်းသားတစ်လက်တို့၏ သရုပ်ဆောင်အားပြိုင်မှုများကို “မာယာ ပရောဂျက်” ရုပ်ရှင်ဇာတ်ကားတွင် ဆန်းသစ်စွာ ပြသထားခြင်းဖြစ် သည်။ ယင်းဇာတ်ကားကို မတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့တွင်း ရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ် သည်။
ယင်းဇာတ်ကားတွင် သရုပ်ဆောင် သက်မွန်မြင့်သည် ရိုက်နေကျပုံစံများမှ ခွဲထွက်ပြီး ယုတ်မာကောက်ကျစ် သည့်ဇာတ်ရုပ်အား ကြိုးစားသရုပ်ဆောင်ထားသည်ကို တွေ့ရသော်လည်း ယင်းဇာတ်ရုပ်ရရှိရေးကိုအတင်း လုပ်ယူနေရခြင်းကြောင့် လိုက်ဖက်ခြင်း မရှိသည်ကို တွေ့ရသည်။
အဆိုပါဇာတ်ကားတွင် မောင်ဖြစ်သူ၏ချစ်ခြင်းကို အချစ်ကြေးစားအဖြစ် ငှားယူပြီး လက်စားချေတတ်သည့် သက်မွန်မြင့်၊ မောင်ဖြစ် သူကို ရအောင်ယူပြမည်ဆိုသည့် ဖွေးဖွေး၊ ရုပ်ရည်ချောမောပြီး ညှို့မျက်ဝန်းများဖြင့် ဖမ်းစားပြီး အချစ်ကြေးစားသမား နေတိုးနှင့် အစ်မဖြစ်သူ သက်မွန်မြင့်၏ ချစ်ခြင်းကိုခံရပြီး ချစ်သူဖြင့် ခွဲခွာ ခြင်းခံရသည့် ကျော်ကျော်တို့၏ အားပြိုင်သရုပ်ဆောင်မှုများကို ယင်းဇာတ်ကားတွင် တွေ့ရ သည်။
ယင်းဇာတ်ကားသည် တစ်ဖက်သား ကို မည်သည့်နည်းဖြင့် စိတ်ဒုက္ခရောက်အောင် ပြုမူမိပါက ကံအားလုံး သည် မိမိထံပဲ့တင် ထပ်ပြီး ပြန်လည်ရောက်ရှိတတ်ကြောင်း သတိပြုမိစေရန်၊ အချစ်နှင့်အဝေးဆုံးမှာနေထိုင် သည့်လူသားဟူသည် မရှိကြောင်းကို အနုပညာရသမြောက်အောင် တင်ဆက်ပြသရာတွင် အချစ်၊ အမုန်း၊ အငြိုးများဖြင့် ရိုက်ကူးထားသည့် မေတ္တာဖွဲ့ဇာတ်ကား
ဖြစ်သည်။ အဆိုပါဇာတ်ကားကို မိုးကောင်းကင် ရုပ် ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး လွန်းထားထား၏ (ညှို့တတ်သူ)၀တ္ထုကို ဇာတ်ညွှန်းသီဟစိုးက ပြန်လည် ညွန်းဖွဲ့ပြီး ဒါရိုက်တာဝိုင်း (own creator)က ဆန်းသစ်စွာ တင်ပြထားခြင်း ဖြစ်သည်။
Credit: Mizzima

No comments:

Post a Comment