Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 6, 2014

မလေးအချုပ်ထဲရှိ နိုင်ငံမဲ့ ၅၀၀ မြန်မာက လက်ခံရန်ငြင်း

မလေးရှား အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားဆိုသူ တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက်လာသူများကို မြန်မာက ပြန်လက်ခံရန် ငြင်းဆိုသည်ဟု ဆိုကာ The Star Online Reports တွင် Myanmar refuses to take back nabbed illegals ဖြင့် သတင်းဖေါ်ပြသည်။မလေးရှား လ၀က ညွှန်ကြားရေးမှူးချုပ် Datuk Alias Ahmad က ကွာလာလမ်ပူရှိ မြန်မာသံရုံးက သူတို့အား ခရီးသွားလက်မှတ် ထုတ်ပေးရန် ငြင်းဆိုကြောင်း ပြောဆိုသည်။

“ သူတို့ကို ခရီးသွားလက်မှတ် မရှိဘဲ ဘယ်လို နှင်ထုတ်နိုင်မလဲ။ သူတို့ရဲ့ နိုင်ငံက သူ့တို့ကို သူ့နိုင်ငံသား မဟုတ်ဘူးလို့ ငြင်းထားတယ်လေ” ဟု ယင်းလ၀က ညွှန်မှူးက ဆိုသည်။

“ သူတို့က မြန်မာစကားတတ်တယ်။ သူတို့အစိုးရက သူတို့ကို ခရီးသွား လက်မှတ် ထုတ်ပေးဖို့ငြင်းတယ်။ ခရီးသွားလက်မှတ် မရှိဘဲ နှင်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ရာထူး လွဲပြောင်းပွဲတစ်ခုတွင် သူက သတင်းထောက်များကို ပြောဆိုသည်။

၎င်းပြင်သူက မလေးရှား Detention Canter ထိန်းသိမ်းစခန်းတွင် ယခုအခါ မြန်မာနိုင်ငံက ၀င်ရောက်လာသူ  ၅၀၀ ကို ထိန်းသိမ်းထားသည်ဟု သူက သတင်းထောက်များကို ပြောကြားသည်။


(နိရဉ္စရာ- ၆ ဖေဖေါ်ဝါရီ ၂၀၁၄)


Myanmar refuses to take back nabbed illegals


PUTRAJAYA: Efforts to deport illegal immigrants from Myanmar, who were arrested in the ongoing Ops 6P Bersepadu has hit a bump after their government refused to recognise them.
Immigration director-general Datuk Alias Ahmad said their embassy in Kuala Lumpur also refused to issue travel documents to the illegals.
“How are we to deport them when they do not have travel documents because their own country has refused to recognise them as their citizens.
“These illegals speak the Myanmar language but their government refused to issue them the travel documents and without any travel documents, we cannot just push them out (of the country),” he told reporters after handing over his duty to the department’s deputy director-general Aloyah Mamat yesterday.
Alias has been appointed Domestic Trade, Cooperative and Consumerism Ministry secretary-general with Aloyah now heading the Immigration Department.
Both start their duties today.
Alias added that there were about 500 illegal immigrants from Myan-mar in the detention centres caught in the situation and the department was working with Wisma Putra to resolve the problem.
http://www.thestar.com.my/News/Nation/2014/02/05/Myanmar-refuses-to-take-back-nabbed-illegals/

No comments:

Post a Comment