Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

၂၀၁၃ ခုနှစ် အဆိုးရွားဆုံး password အဖြစ် 123456 သတ်မှတ်ခံရ


၂၀၁၃ ခုနှစ်အတွင်း အဆိုးရွားဆုံး password မှာ "123456" ဖြစ်ကြောင်း သုတေသနတစ်ခုအရ သိရှိရသည်။ Password စီမံခန့်ခွဲရေး application များလုပ်ဆောင်နေသော Splashdata ကထုတ်ပြန်ခဲ့သည့် လူသုံးအများဆုံး password 25 ခုစာရင်းအရ သိရှိရခြင်းဖြစ်သည်။ "Password" ဟူသော အသုံးအနှုန်းသည် နှစ်စဉ်စာရင်း ကောက်ယူခဲ့သည့် အချိန်များမှစ၍ ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ကောက်ယူသော စာရင်းတွင်မူ ဒုတိယနေရာကို ရောက်ရှိသွားခဲ့သည်။

ထို့သို့ပြောင်းလဲ ရခြင်းမှာပြီးခဲ့သည့် အောက်တိုဘာလအတွင်း Adobe ဆော့ဖ်ဝဲလ်ကုမ္ပဏီတွင် လုံခြုံရေးပေါက်ကြားမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အသုံးပြုသူ ၁၀ သန်းခန့်ကို ထိခိုက်ခဲ့ကာ ပုဂ္ဂိုလ်ရေးအချက်အလက်နှင့် Password အများအပြား အွန်လိုင်းတွင် ပေါက်ကြားခဲ့ခြင်းကြောင့် ဖြစ်သည်။ Splashdatas ၏စာရင်းအရလူများသည် လွယ်ကူစွာခန့်မှန်းနိုင်သော password များကိုအသုံးပြု ကြကြောင်းသိရသည်။

SplashData ၏ CEO Morgan Slain ကယခုစာရင်းတွင် "photo shop" နှင့် "adobe123" ကဲ့သို့ password များပါဝင်လာခြင်းကြောင့် သုံးစွဲသူများမှ password များသတ်မှတ်ရာတွင် ၎င်းတို့အသုံးပြုနေသော application (သို့မဟုတ်) ဝက်ဘ်ဆိုက်နာမည်ကို အခြေခံခြင်းမပြုရန် သတိပေးရာရောက်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် "dr4mat1c" ကဲ့သို့သော သာမန်အစားထိုး စကားလုံးများကို အသုံးပြုခြင်းသည်လည်း နောက်ဆုံးပေါ်နည်းပညာများ အသုံးပြု၍ တိုက်ခိုက်နိုင်သည့် အားနည်းချက် ဖြစ်ပေါ်နိုင်ကြောင်း Splashdata ကသတိပေးပြောဆိုခဲ့သည်။

-စိုးထက်
Ref: Telegraph
Internet Journal

No comments:

Post a Comment