Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

Lenovo တို့ Motorola ကို အပိုင် ဝယ်ယူ


တရုတ် ပြည်အခြေဆိုက် Lenovo ကွန်ပြူတာနဲ့ မိုဘိုင်းဖုန်း ကုမ္မစီဟာ အမေရိကန် Google တို့ ပိုင်ဆိုင်တဲ့ Motorola ကို ဝယ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

Google ရဲ့  CEO ဖြစ်သူ Larry Page နဲ့ Lenovo ရဲ့  ထိပ်တန်း အရာရှိတို့ တွေ့ဆုံပြီး အရောင်းအဝယ်ဖြစ် ခဲ့ခြင်း ဖြစ်ပါတယ်။ ငွေကြေး ပမာဏအားဖြင့် ၂.၉၁ ဘီလျံ တန်ကြေးနဲ့ အရောင်းအဝယ်ဖြစ် သွားခြင်း ဖြစ်ပါတယ်။ ဒီအတွက် မီဒီယာများရဲ့  မေးမြန်းမှုတိုင်းကိုလည်း Google က ဖြေရှင်းချက် ပေးထားပါတယ်။ Google အနေနဲ့ ကမ္ဘာတစ်ဝန်းလုံးကို Android user ပိုမို များပြားစေကြောင်း၊ လက်ရှိမှာ တရုတ်ပြည်အခြေဆိုက် Lenovo ဟာ ကမ္ဘာ့မိုဘိုင်းနဲ့ ကွန်ပြူတာ ထုတ်လုပ်မှုအများဆုံး ကုမ္မဏီ များစာရင်းထဲမှာ ထိပ်တန်းပါဝင်နေကြောင်း၊ အများစုကလည်း Lenovo ပစ္စည်းအပေါ် စိတ်ဝင်စားမှု များပြား လာကြောင်း အစရှိတဲ့ အချက်များကြောင့်လို့ ဆိုပါတယ်။

Motorola အဖွဲ့ကို တရုတ်ပြည်ပဲခေါ်သွားမလား၊ အမေရိကန်မှာပဲ ဆက်လက်ထားရှိမလားဆိုတာတော့ မသိသေး ပါဘူး။ လက်ရှိ Motorola သွားတဲ့ strategy က မိုဘိုင်းဖုန်း နည်းနည်းသာ ထုတ်လုပ်ပြီး ဈေးကွက် ထိုးဖောက်တဲ့ ဗျူဟာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Moto G နဲ့ Moto X တို့အချိန်တိုအတွင်း အောင်မြင်သွား ခြင်း ဖြစ်ပါတယ်။ အမေရိကန်ပြည် ထုတ် စမတ်ဖုန်းလို့ ဂုဏ်ယူဝင့်ကြွားနေတဲ့ဖုန်းကို ယခု တရုတ်ပြည် ကုမ္မဏီ တစ်ခုရဲ့  လက်အောင်ကို ရောက်ရှိစေပြီဆိုတော့ မပြောတတ်တော့ ပါဘူး။

IBM ရဲ့  ThinkPad ကိုလည်း ၂၀၀၅ ခုနှစ်က Lenovo တို့ ဝယ်ယူပြီး Tablet များ ထုတ်လုပ်ခဲ့ ပါတယ်။ ယခုလည်း Motorola အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းအမြောက်အများ ထုတ်လုပ်သွားဖွယ် ရှိကြောင်း သိရ ပါတယ်။
.
credit>>smart pro

No comments:

Post a Comment