
Justin Bieberဟာ မူးပြီးကားမောင်းမှုနဲ့ ဇန်န၀ါရီလ ၂၃ရက် နံနက်အစောပိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။ ပွဲကတော့ မလှခဲ့ပါဘူး။ ဖမ်းတာကို ခုခံခဲ့တဲ့အပြင် ရဲတွေကို F နဲ့ချည်းကိုင်တုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခဲ့တယ် လို့ ရဲတွေကပြောပါတယ်။

အရင် ထောင်ကလွတ်လာစဉ်က SUVကားခေါင်မိုးပေါ်ကိုတက် သူ့ပရိသတ်အုပ်ကို လက်ပြနှုတ်ဆက်နေတဲ့ Justin Bieber

အဖမ်းခံရပြီးနောက် ထောင်ကထုတ်ပေးတဲ့ လိမ္မော်ရောင် ၀တ်စုံဝတ်ပြီး အပြုံးမျက်နှာနဲ့ ဓာတ်ပုံအရိုက်ခံစဉ်။

ထောင်ထဲသို့ လမ်းလျှောက်သွားစဉ်။
Justin Bieberဟာ မိုင်ယာမီကမ်းခြေမှာ အဖမ်းခံခဲ့ရပြီး မူးပြီးကားမောင်းမှုနဲ့တင် မဟုတ်ဘူးဘဲ ဖမ်းဆီးတာကို ခုခံမှု (အကြမ်းဖက်တာတော့ မရှိ)၊ ကားတရွတ်ဆွဲပြိုင်မှု၊ သက်တမ်းကုန် လိုင်စင်နဲ့ ကားမောင်းမှု တွေနဲ့ပါ အဖမ်းခံရတာဖြစ်တယ်လို့ ဥပဒေ အရာရှိတွေက ပြောပါတယ်။
မူးပြီးကားမောင်းတယ် ဆိုတဲ့နေရာမှာလည်း မူးယစ်ဆေးရော အရက်ပါ ပါတယ်လို့ ယုံကြည်ရကြောင်းကို အမည်မဖော်လိုသူ ဥပဒေအရာရှိ တစ်ယောက်က TMZ သတင်းဆိုဒ်ကို ပြောခဲ့ပါတယ်။

အဖမ်းမခံရခင် နိုက်ကလပ်ထဲမှာ ရှိနေစဉ်။
No comments:
Post a Comment