Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

မလေးရှားနိုင်ငံတွင် တရားဝင် နိုင်ငံခြားသား အလုပ်သမားအားလုံးကို အချက်ပြ စစ်ဆေးနိုင်သော နည်းပညာဖြင့် ပြုလုပ်ထားသည့် I-KAD ထုတ်ပေးမည်

ကွာလာလမ်ပူ ဇန်နဝါရီ ၂၀

မလေးရှားနိုင်ငံတွင် တရားဝင် နိုင်ငံခြားသား ၂ ဒသမ ၂၅ သန်းကျော် ရွှေ့ပြောင်းသွားလာနေ ထိုင်မှုများကို မလေးရှားအစိုးရက သိရှိနိုင်စေရန်အတွက် ထိန်းချုပ်မှုနည်းစနစ် အချက်ပြစစ်ဆေးနိုင်သော အဆင့်မြင့် နည်းပညာများဖြင့် ပြုလုပ်ထားသည့် I-KAD အလုပ်သမား စိစစ်ရေးကတ်ပြားကို တရားဝင် နိုင်ငံခြားသား အလုပ်သမားများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက် အသေးစိတ် ပါဝင်သော လက်ဗွေပုံစံပါ ကွန်ပျူတာနည်းပညာ စနစ်များဖြင့် ထည့်သွင်း အသုံးပြုထား ကြောင်း မလေးရှားနိုင်ငံရှိ ၉ ရက် နေ့ထုတ် The Sun သတင်းစာတွင် ရေးသားဖော်ပြချက်ကို မလေးရှား ရောက်ကို သူရိယမှ ဆက်သွယ်ပြောပြချက် အရ သိရသည်။
အဆိုပါ I-KAD အလုပ်သမား ကတ်ပြားတွင် ပါဝင်သောဘားကုတ်များကို အတုအပ ခွဲခြားစစ်ဆေးသည့် အခါ မူလကတ်ပြားပိုင်ရှင်၏ နာမည်၊ ကိုယ်ရေး အချက်အလက်များနှင့် ပါမစ်သက်တမ်း ကုန်ဆုံးမည့် နေ့ရက်၊ ခုနှစ်များပါဝင်ကြောင်း သိရပြီး Contactless chip များဖြင့် ထည့်သွင်းဖော်ပြထားမည် ဖြစ်သည်။
I-KAD အလုပ်သမားကတ်ပြားကို ပါမစ်အသစ် သက်တမ်းတိုးထားသည့်အချိန်၌ ထုတ်ပေးမည်ဖြစ် ကြောင်းသိရပြီး ယင်းအတွက် အလုပ်ရှင်သူဌေးနှင့် အေဂျင်စီများကို ပြည်ထဲရေးဝန်ကြီးဌာနက အသိပေး ထားခဲ့ကြောင်းသိရကာ အဆိုပါ အလုပ်သမားကတ်ပြား၏ ဝန်ဆောင်မှုမှာ မလေးရှား နိုင်ငံသုံးငွေ ရင်းဂစ် ၁၁ဝ သတ်မှတ်ထားကြောင်းနှင့် အလုပ်သမားများ ပြင်ပထွက်လည်သည့်အခါတွင်လည်း ပတ်စ်ပို့စာအုပ် များ ကိုင်ဆောင်စရာမလိုတော့ဘဲ ရဲ၊ ပြည်သူ့စစ်တပ်ဖွဲ့ (RELA)၊ လဝကများကို အလွယ်တကူ ပြသ နိုင်စေရန် အတွက် ယင်းကဲ့သို့ ထုတ်ပေးရခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောပြခဲ့ကြောင်းလည်း သိရသည်။
6P အစီအစဉ်နှင့် လိမ်လည်ခံရသော နိုင်ငံခြားသားအလုပ်သမားများကို ဒုတိယအကြိမ် 6P အစီအစဉ် ပြုလုပ်ရန် ခွင့်ပြုထားသည့်သက်တမ်း သုံးလပြည့်ခဲ့သောကြောင့် နောက်ဆုံးသတ်မှတ်ထားသည့် ယခုလာ မည့် ဇန်နဝါရီ ၂၁ ရက်တွင် မလေးရှား တစ်နိုင်ငံလုံး၌ ရှိနေကြသည့် တရားမဝင် နိုင်ငံခြားသားများ အားလုံး ကို OPS 6P အော်ပရေးရှင်း တရားမဝင် နိုင်ငံခြားသား ပပျောက်ရေးစီမံချက်ဖြင့် ဖမ်းဆီး အရေးယူ ရမည် ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ ဖြစ်ကြသည့် အထူးရဲတပ်ဖွဲ့ (RELA)၊ ပြည်သူ့စစ်တပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး ဌာနများသို့ မလေးရှား နိုင်ငံပြည်ထဲရေးဝန်ကြီး Datuk Seri Ahmad Zahid Hamidi က တိုက်တွန်းထားသည်။ သတိပေးနှိုးဆော်ခဲ့ ဇန်နဝါရီ ၂၁ ရက်က ဖမ်းဆီးရမိသည့် တရားမဝင် နိုင်ငံခြားသားများကို ပြစ်ဒဏ်ချမှတ်ပြီးလျှင် သက်ဆိုင်ရာ သံရုံးများကိုအသိပေး ဆွေးနွေးပြီးနောက် မူရင်းမိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရကာ ပြီးခဲ့သော ဇန်နဝါရီ ၁ဝ ရက်က မလေးရှား စံတော်ချိန် ည ၁ဝ နာရီ ဝန်းကျင်တွင် မြို့တော် ကွာလာလမ်ပူရှိ မြို့လယ်ကောင် တရုတ်တန်း (China Town) ဈေးကွက်၊ ပတာလင်းဂျာယာ မြို့နယ်များတွင် တရားမဝင် နိုင်ငံခြားသားများ အပါအဝင် မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချသူ ၉၄ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရပြီး ဒမ်ဝမ်ကီ ရဲစခန်း ရုံးချုပ်သို့ ပို့ဆောင်ခဲ့သည်ဟု မလေးရှားနိုင်ငံ ရုပ်/သံသတင်းဌာန တစ်ခု ဖြစ်သော NTV 7 သတင်းတွင် ထုတ်လွှင့် ပြသခဲ့ကြောင်း သိရကာ မလေးရှားရောက် မြန်မာနိုင်ငံသား အားလုံးအတွက် သွားလာရှောင်ကြဉ် ကြပါရန် သတိပေးနှိုးဆော်ခဲ့ပါကြောင်းဖြင့် ကိုသူရိယက ဆက်သွယ်ပြောကြားခဲ့သည်။

No comments:

Post a Comment