Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

Rosetta အာကာသယာဉ်ဟာ ငြိမ်သက်နေရာက ပြန်လည် လှုပ်ရှားလာခဲ့ပြီ

အာကာသထဲက ကြယ်တံခွန် တစ်ခု နောက်ကို လိုက်ဖို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လွှတ်တင်ခဲ့တဲ့ Rosetta အာကာသယာဉ်ဟာ ငြိမ်သက်နေရာက ပြန်လည် လှုပ်ရှားလာခဲ့ပြီလို့ ဥရောပ အာကာသ အေဂျင်စီက ပြောပါတယ်။

ဒီ အာကာသယာဉ်ဟာ အာကာသ ဟင်းလင်းပြင်မှာ ကီလိုမီတာ သန်း ၈၀၀ ခရီးနှင်ခဲ့ပြီး ဖြစ်ပါတယ်။

နေစကြဠာ စတင် ဖြစ်တည်ချိန်လောက်ကတည်းက အေးခဲနေတဲ့၊ သက်ရှိ ဖြစ်ပေါ်မှုအတွက် အဓိက လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို သယ်ယူကောင်း သယ်ယူထားနိုင်တယ် ဆိုတဲ့ ကြယ်တံခွန်နဲ့ ဆုံတွေ့နိုင်ဖို့ Rosetta အာကာသယာဉ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလုံးလုံး ငြိမ်သက် စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ Rosetta အာကာသယာဉ် အသေအချာ အလုပ် လုပ်မလုပ် ဆိုတာ ဒီကနေ့ နှောင်းပိုင်းအထိ သိနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လာမယ့် လတွေမှာတော့ Rosetta အာကာသယာဉ်ဟာ ရေခဲသေတ္တာ အရွယ်ရှိတဲ့ အာကာသ စူးစမ်းယာဉ်ကို ကြယ်တံခွန်ပေါ် လွှတ်ချဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။
Credit: BBC Burmese

No comments:

Post a Comment