Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 4, 2014

တရုတ်နိုင်ငံ၏ တန်ခိုးကြီးဘုရား၊ စေတီရုပ်ပွားတော် (ဓာတ်ပုံ) များ ရွှေတိဂုံ စေတီတော်တွင် ပြသမည်

ရန်ကုန်၊ ဇန်နဝါရီ ၃

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ခိုးကြီး ဘုရားစေတီများ၏ ရုပ်ပွားတော် (ဓာတ်ပုံ) များကို ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံစေတီ ဘုရားပရိဝုဏ် အတွင်း၌ ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ပြသသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ တရုတ်နိုင်ငံမှ တန်ခိုးကြီး ဘုရားစေတီ၊ ပုထိုးများ၏ ဓာတ်ပုံများကို ရွှေတိဂုံဘုရား ပရိဝုဏ် ချမ်းသာကြီး စောင်းတန်း၌ ဇန်နဝါရီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ပြသရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၊ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းကြီးတို့က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ဓာတ်ပုံပြပွဲအတွက် ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရှေးအကျဆုံး ဗုဒ္ဓဘုရား ကျောင်းတော်ကြီးတွင် မြန်မာ့ဗိသုကာ လက်ရာဖြင့် စေတီတစ်ဆူကို မြန်မာအစိုးရက တည်ထား လှူဒါန်းသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သာသနာရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံရှိ မြန်မာသံရုံးတို့က သဘောတူစာချုပ်၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment