Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

ခဲအိုဖြစ်သူက မှိုဝယ်မည်ဟု လိမ်လည်ခေါ်ဆောင်ကာ ခယ်မကို တစ်လနီးပါး အလိုမတူဘဲ ပေါင်းသင်း

 
ဝိုင်းအောင် |ကြာသာပတေးနေ့၊ ဇန်နဝါရီ ၉ရက်၊ ၂၀၁၄ခုနှစ်။

ပွင့်ဖြူ ။ ။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာမှ အသက် ၁၇နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို သူမ၏ခဲအိုဖြစ်သူက မှိုဝယ်ရန်ဟု ဆိုင်ကယ်ဖြင့် လိမ်လည်ခေါ်ဆောင်ကာ တစ်လနီးပါးခန့် အလိုမတူဘဲ ခိုးယူပေါင်းသင်းမှုတစ်ခုကို ဇန်နဝါရီ ၈ ရက်က အဓမ္မမှုဖြင့် အမှုဖွင့်တိုင်တန်းထားသည်ဟု ပွင့်ဖြူမြို့နယ် ရဲစခန်းက သတင်းထုတ်ပြန်သည်။

အမှုတွင် အမျိုးသမီးငယ်သည် ကျောင်းကုန်းကြီးကျေးရွာမှ ရေပုတ်ကြီး ကျေးရွာသို့ ၂၀၁၃ ဒီဇင်ဘာ ၈ ရက် ဈေးရောင်းချရန် သွားစဉ် ညနေ (၃) နာရီခန့်က ၎င်း၏ ခဲအိုတော်စပ်သူ အသက် (၄၅)နှစ်အရွယ်ရှိ ကျပန်းလုပ်ကိုင်သည့် တင်ရွှေဆိုသူက မှိုလိုက်ဝယ်ဟုဆိုကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ရေပုတ်ကြီးကျေးရွာ မြောက်ဖက် တောစပ်တွင် ဆိုင်ကယ်ကို ထားခဲ့၍ ခြေလျင်လျှောက်ခဲ့ရသည်။

ထို့နောက် တောထဲတွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရပြီး တင်ရွှေ ယခင်မီးသွေးဖုတ်သည့် စေတုတ္တရာမြို့၊ ခိုနန်းရွာ အနောက်ဖက် တောထဲသို့ ခြေလျင် လိုက်ခဲ့ရပြီး တောထဲတွင် တဲဆောက်၍ နေထိုင်ခဲ့ရပြီး ကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘဲ တင်ရွှေနှင့်အတူ ဆက်လက်နေထိုင်ခဲ့ရသည်။

၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၆ရက်တွင် တင်ရွှေမရှိခိုက် ထွက်ပြေးခဲ့ရာ ကျောင်းကုန်းကြီးကျေးရွာ မိဘများထံ ပြန်လည်ရောက်ရှိပြီး ဖြစ်စဉ်အားပြောပြ တိုင်ပင်၍ မိဘများနှင့်အတူ ရဲစခန်းသို့လာရောက်၍ တင်ရွှေအားအရေးယူပေးရန် ဇန်နဝါရီ ၈ရက်တွင် မ××× မှတရားလို ပြုလုပ်၍တိုင်းတန်းသဖြင့် ပွင့်ဖြူမြို့နယ် မြိုမရဲစခန်းမှ (ပ) ၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အရေးယူဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။

No comments:

Post a Comment