CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 8, 2014
နိုင်ငံရေး အကျဉ်းသားဟောင်းများ ဦးစီးသည့် အဓိပတိဂျာနယ် ထွက်ရှိ
9-1-2014
၁၉၈၈ လူထု လှုပ်ရှားမှုတွင်း ဦးဆောင် ပါဝင်ခဲ့ကြသည့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ တက္ကသိုလ် ဆရာဟောင်းများဖြစ်သော နိုင်ငံရေး အကျဉ်း
သားဟောင်းများ ဦးစီး ထုတ်ဝေသည့် အဓိပတိ အပတ်စဉ် ထုတ်ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၁) ကို ဇန်နဝါရီ ၇ တွင် စတင်ထုတ်ဝေလိုက်ကြောင်း အဆိုပါ ဂျာနယ်၏ အယ်ဒီတာ အဖွဲ့ဝင်များက ပြောကြားသည်။
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေးမှ တိုင်းပြည် တိုးတက်ရေးသို့ဟူသော မူဝါဒများ ချမှတ်ကာ စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ ရေးသား ထုတ်ဝေမည် ဖြစ်ပြီး ဈေးကွက် အတွင်းသို့ အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သည့် ဂျာနယ် စတင်ထုတ်ဝေခြင်း အမှတ်တရ အခမ်းအနားတွင် ၎င်းတို့က ပြောဆိုသည်။
ဂျာနယ် ရောင်းချခြင်းမှ ရရှိသည့် အကျိုးအမြတ်များကို နိုင်ငံ တစ်ဝန်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သာရေး၊ နာရေး ကိစ္စများကို ကူညီထောက်ပံ့ ပေးသွားရန် အဓိက ရည်ရွယ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်၏ အမှုဆောင်အရာရှိ ဦးဗညိုထွန်းက ပြောကြားသည်။
“နယ်တွေကို ဦးစားပေးပြီး ထောက်ပံ့ ပေးသွားမှာပါ။ တစ်လကို သုံးယောက်နှုန်း ထောက်ပံ့ပေးဖို့ ရှိပါတယ်။ တတ်နိုင်သလောက်ပေါ့” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဒါရိုက်တာ သျှိုညိုထွန်းခေါ် ဦးဗညိုထွန်းက ထပ်မံပြောဆိုသည်။
မြန်မာ့နိုင်ငံ ခေတ်အဆက်ဆက်တွင် နိုင်ငံရေး အကျဉ်းသားများသည် လျစ်လျူရှုခြင်း ခံထားရကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားဟောင်း
များကို ထောက်ပံ့ ကူညီပေးရန်ဟူသော ဂျာနယ်၏ ရည်ရွယ်ချက်ကို
ထောက်ခံ ကြိုဆိုပါကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ဗဟိုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အဆိုပါ ဂျာနယ် ထုတ်ဝေခြင်း အမှတ်တရ အခမ်းအနားတွင် ပြောကြားသည်။
ယနေ့ စတင်ထုတ်ဝေလိုက်သည့် အတွဲ (၁)၊ အမှတ် (၁)တွင် စာမျက်နှာ ၃၂ မျက်နှာ ပါဝင်ကာ တန်ဖိုးငွေကျပ် ၅၀၀ ဖြင့် ဖြန့်ချိခြင်း ဖြစ်သည်။
The Voice Weekly
နိုင်ငံရေး အကျဉ်းသားဟောင်းများ ဦးစီးသည့် အဓိပတိဂျာနယ် ထွက်ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment