Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 11, 2014

ရေမြောင်းတူးရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အုတ်ခဲပြားများတွေ့ရှိ


ပြည်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဝက်ထီးကန် တိုက်နယ် နတ္တလင်း ကျေးရွာအုပ်စု အတွင်းရှိ လယ်ကွင်းအတွင်း ရေမြောင်း တူးရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အုတ်ခဲပြားများ တွေ့ရှိခဲ့ရကြောင်း အဆိုပါ ကျေးရွာ ဒေသခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့က နွေစပါး စိုက်ပျိုးရန်အတွက် လယ်ကွက်ပိုင်ရှင် ဦးကြည်ခိုင်က ရေနုတ်မြောင်းတူးစဉ် အုတ်ရိုးပုံသဏ္ဌာန် အုတ်ချပ်များ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နတ္တလင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ပြောကြားသည်။
“ဒီအုတ်တွေက ရှေးဟောင်း အုတ်ချပ်တွေ ဟုတ်မဟုတ် သက်ဆိုင်ရာက လာရောက် စစ်ဆေးပေးဖို့အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တင်ပြသွားမယ်။ ထုက နှစ်လက်မခွဲ၊ အနံက ကိုးလက်မရှိတယ်။ အလျားကတော့ ကျိုးပဲ့နေလို့ တိုင်းတာကြည့်လို့ မရသေးဘူး” ဟု ၎င်းကဆိုသည်။

ရှေးဟောင်းပစ္စည်းဟု ယူဆရသည့်အတွက် ဆက်လက်တူးဖော်ခြင်း မပြုဘဲ ရပ်ဆိုင်းထားကြောင်း၊ ယင်းလယ် တစ်ဝိုက်တွင် ယခင် ကာလများက ရှေးဟောင်း မြေဆေးတံ၊ ကြေးတိုကြေးစများ တွေ့ရှိ ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

No comments:

Post a Comment