Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 6, 2014

အအေးလေပွေလှိုင်းအန္တရာယ် ပိုမိုဆိုးဝါးဖွယ်

အနှစ် ၂၀ အတွင်း အဆိုးဝါးဆုံး အအေးလှိုင်း ရိုက်ခတ်မှုကြောင့် အမေရိကန် ပြည်ထောင်စု အရှေ့မြောက်နှင့် အနောက်အလယ်ပိုင်း ဒေသများတွင် အလူးအလဲ ခံစားနေရပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရပြီ ဖြစ်သည်။ဆီးနှင်းများ ထူထပ်စွာ သဲသဲမဲမဲ ကျဆင်းခြင်းကြောင့် လမ်းဘေးသို့ ထိုးကျသော ကားတစ်စင်းမှ ယာဉ်မောင်းသူ အပြင်ထွက်နိုင်အောင် အခြားကားမှ လူတစ်ဦးက ကူညီနေပုံ ဖြစ်ပါသည်။ဆီးနှင်းများ ထူထပ်စွာ သဲသဲမဲမဲ ကျဆင်းခြင်းကြောင့် လမ်းဘေးသို့ ထိုးကျသော ကားတစ်စင်းမှ ယာဉ်မောင်းသူ အပြင်ထွက်နိုင်အောင် အခြားကားမှ လူတစ်ဦးက ကူညီနေပုံ ဖြစ်ပါသည်။
မြန်မာအများဆုံးနေထိုင်ရာ ဖို့တ်ဝိန်းမြို့အပါအဝင် အခြား ခရိုင်များစွာတွင် အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားရသည်အထိ အအေးဒဏ် ပြင်းထန်နေသည်။ ဖို့တ်ဝိန်းမြို့တွင် အရေးပေါ် အခြေအနေ ကြေညာ ထားခြင်းကို ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီတွင် ရုပ်သိမ်း မည် ဖြစ်သော်လည်း အအေးဒဏ် မှာ နောက်တ တစ်ကျော့ပြန် ပြင်းထန်ဖွယ်ရှိကြောင်း မိုးလေဝသ ပညာရှင်များက အလေးအနက် သတိပေးနေသည်။
အေပီသတင်းဌာန သတင်းများအရ လူသေဆုံးမှုရှိသော ယာဉ်မတော်တဆ ဖြစ်ရပ်များ နယူးယောက်၊ မီရှီဂန်၊ ကင်တပ်ကီ၊ အင်ဒီယာနာနှင့် အီလီနွာပြည်နယ်များတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြောက်ဝန်ရိုးစွန်းမှ အအေးလေပွေလှိုင်းကြီးသည် အမေရိကန် ပြည်နယ်များစွာတွင် ကျရောက်ခြင်းကြောင့် အေးမြသည့် ဒဏ်အပြင် လေပြင်းလည်း တွဲပါလာသောကြောင့် ပို၍ ဆိုးဝါးခြင်း ဖြစ်သည်။ ၎င်း ဝန်ရိုးစွန်း အအေးလေပွေလှိုင်းကို Polar Vortex ဟု မိုးလေဝသ ပညာရှင်များက ခေါ်သည်။ အေးမြသည့်အထဲတွင် လေတိုက်ခြင်းကြောင့် နေရာများစွာတွင် အပူချိန်သည် သုညအမှတ်အောက် ကျဆင်းခဲ့သည်။
ဆီးနှင်းများလည်း ထူထပ်စွာ ကျခဲ့ရာ ဘော်စတန်မြို့တွင် ၂ ပေခန့်အထိ၊ နယူးယောက်တွင် ၇ လက်မ နှင်းဖုံးလွှမ်းခဲ့ပြီး ယာဉ်သွားလာရေး အလွန်ခက်ခဲပါသည်။ လေယာဉ်ကွင်းများလည်း ပိတ်ထားရသဖြင့် ခရီးသည်များ သောင်တင်နေကြ၏။
မြန်မာတွေ ပေါ့ပေါ့မတွေးသင့်
အရေးပေါ် မသွားမဖြစ်သော ကိစ္စမှတပါး မည်သည့်အကြောင်းနှင့်မျှ အပြင်မထွက်ကြရန် အာဏာပိုင်များက အသည်းအသန် သတိပေးနေပါသည်။ ဆီးနှင်းနှင့် ရေခဲကြောင့် ယာဉ်အန္တရာယ်ဖြစ်ခြင်း၊ အအေးလွန်ကဲသည့် လေတိုက်မှုကြောင့် မိနစ်အနည်းငယ်အတွင်း နှင်းကိုက်ကာ အသားပဲ့ကြွေနိုင်ခြင်း၊ ဆီးနှင်းကြားတွင် ပိတ်မိကာ အသက်ဘေးကြုံနိုင်ခြင်းတို့ကြောင့် အထူးသတိထားရမည့် အခြေအနေ ဖြစ်သည်။
မြန်မာလူမျိုးအများစုမှာ ဆီးနှင်းမုန်တိုင်းနှင့် အအေးဒဏ်ကို အတွေ့အကြုံမရှိသောကြောင့် ပိုမို သတိကြီးစွာ ထားရပါမည်။ မလွှဲမရှောင်သာ၍ အပြင်ထွက်ရလျှင် မည်မျှနီးသော ခရီးဖြစ်စေကာမူ စောင်၊ အနွေးထည်အပို၊ စားနပ်ရိက္ခာနှင့် ဓာတ်မီးအစရှိသည့် အရေးပေါ် အသက်ကယ်ပစ္စည်းများ ကားထဲတွင် ယူဆောင်သွားရန် အကြံပေးထားသည်။
အမေရိကန်များသည် ပိုမိုဆိုးဝါးနိုင်သော ရာသီဥတု အခြေအနေကြောင့် အရေးပေါ် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစုဆောင်းနေကြသည်။ အိမ်ပြင်မထွက်နိုင်ပဲ ပိတ်မိနေလျှင် ရက်အနည်းငယ်ကြာ အသက်ရှင်နိုင်အောင် ကြိုတင်ပြင်ဆင်လျက် ရှိပါသည်။
kabarthit.com/

No comments:

Post a Comment