Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

အခွန်ကောက်ရန် ပြည်တွင်းအရက်နှင့် ဘီယာဈေးနှုန်း သတ်မှတ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၆

ပြည်တွင်း၌ ထုတ်လုပ်ရောင်းချ လျက်ရှိသော အရက်နှင့် ဘီယာတို့ကို အခွန် ကောက်ခံရာတွင် မူလက စက်ရုံထုတ် ဈေးနှုန်းအပေါ်တွင် အခြေခံတွက်ချက် ထားသောဈေးနှုန်းဖြင့် ကောက်ခံနေရာမှ အခွန်ကောက်ခံမည့် ဈေးနှုန်းကို ပြင်ဆင်သတ်မှတ်၍ ပြောင်းလဲ ကောက်ခံရန် မြန်မာနိုင်ငံ အရက်၊ ဘီယာ ထုတ်လုပ်သူများ အသင်းနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဗဟိုဌာန၏ လှုပ်ရှားစစ်ဆေးရေးအဖွဲ့က နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များ ဈေးကွက်အတွင်း ရောင်းချနေမှုကို ရှောင်တခင် စစ်ဆေးမှုများကြောင့် ယင်းကုန်စည်များ ဈေးနှုန်းတက်သွားပြီး ပြည်တွင်းထုတ် အရက်၊ ဘီယာများပါ ဈေးနှုန်းအနည်းငယ် တက်လာကြောင်း၊ ယင်းကြောင့် စက်ရုံထုတ်ဈေးနှင့် ဈေးကွက်ပေါက်ဈေး ကွာဟနေမှုအပေါ် ကြားချ၍ နှုန်းထားတစ်ရပ် သတ်မှတ်ပြီး ယင်းနှုန်းထား အပေါ်တွင် အခွန်စည်းကြပ်မည် ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ပြည်တွင်းထုတ် အရက်၊ ဘီယာများ ဈေးတက်သွားသော်လည်း စက်ရုံထုတ်ဈေးနှုန်းမှာ ယခင်ဈေးနှုန်း ဖြစ်နေသည့်အတွက် ဈေးကွက်ကို အခြေခံကာ အမှန်တကယ် ရှိသင့်သော ဈေးနှုန်းကို ပြင်ဆင်သတ်မှတ်ရမည် ဖြစ်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ တာဝန်ရှိသူက ဆိုသည်။
"ဈေးကွက်မှာ ဈေးတက်နေပေမယ့် စက်ရုံဈေးနှုန်းက မတက်လာဘူး။ ဒါကြောင့် ဈေးကွက်ပေါက်ဈေးကို အခြေခံပြီး တွက်မှ အခွန်ပိုရလာမယ်" ဟု ၄င်းကဆိုသည်။

ယခင်သတ်မှတ် ကောက်ခံနေသည့် နှုန်းထားများကို နယ်ပယ်တိုင်းတွင် ပြန်လည်သုံးသပ်ကာ ချိန်ညှိရန် လိုအပ်နေ ကြောင်း၊ ယခု လုပ်ဆောင်ချက်သည် ကဏ္ဍ တစ်ခုချင်းစီအလိုက် တဖြည်းဖြည်းချင်း ပြင်ဆင်ပြောင်းလဲနေခြင်း ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဝင် ဒေါက်တာမောင်မောင်လေးက မှတ်ချက်ပေးသည်။

အရက်၊ ဘီယာ၊ ဝိုင်တို့ကို မူရင်း ဈေးနှုန်း၏ ၅၀ ရာခိုင်နှုန်း အခွန်ကောက်ခံကြောင်း ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ဇယား (၆) ဖော်ပြချက်အရ သိရသည်။

No comments:

Post a Comment