Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 19, 2014

ကျေးရွာ ၁၀ ရွာကို ကျပ်သိန်းနှစ်သောင်းနီးပါး သုံး၍ ဆိုလာစနစ်ဖြင့် မီးပေးမည်

မန္တလေး၊ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၀ ရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ ကျပ်သိန်းနှစ်သောင်း နီးပါးသုံးစွဲပြီး ဆိုလာစနစ်သုံးကာ ၂၀၁၄ ခုနှစ် မတ်လကုန်အတွင်း မီးလင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

“အခုလောလောဆယ်တော့ ၃၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ တစ်အိမ်ကို တစ်သိန်းရှစ်သောင်း (ကျပ်) လောက် ကုန်ကျပါမယ်” ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင့်ဝါဖြူက ပြောကြားသည်။

အဆိုပါ ကျေးလက် မီးလင်းရေးကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ငါ့သရောက် (ခွဲ)၊ ညောင်ဦးခရိုင်၊ မတ္တရာ၊ ပြင်ဦးလွင်ခရိုင်၊ ပုသိမ်ကြီး၊ မန္တလေးခရိုင် ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မလှိုင်၊ သာစည်၊ မိတ္ထီ လာ၊ ပျော်ဘွယ်၊ ရမည်းသင်းဒေသတို့မှ ကျေးရွာ တစ်ရွာစီလျှင် အိမ်ထောင်စု တစ်ရာအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်း ရှစ်သောင်းကျော် အကုန်အကျခံပြီး အိမ်ခြေပေါင်း ၈၉၇ အတွက် သိန်းပေါင်းတစ်သောင်း ရှစ်ထောင်ကျော် အကုန်ကျခံကာ မတ်လကုန်အပြီး အခမဲ့ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

“မီးလာတပ်ပေးရင်လည်း တစ်ခါတည်း တစ်ရွာလုံး တပ်ပေးပေါ့။ အခုကျတော့ ရတဲ့လူကရပြီး မရတဲ့လူကမရတော့ မကျေနပ်ကြဘူးပေါ့” ဟု မတ္တရာမြို့နယ် တံငါတောင်ရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၇၈၀ ရှိပြီး မီးလင်းရန် ၁၉၉၆ ရွာကျန်ရှိနေကာ ကျန်ရှိနေသေးသော ကျေးရွာများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးမီးလင်းအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့် က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသော လုပ်ငန်း ညှိနှိုင်းရေး အစည်းအဝေးတွင် ပြောဆိုထားသည်။
The Voice

No comments:

Post a Comment