Written by Voice
ခင်ဦး၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်၍ တရားဥပဒေစိုးမိုးရေး အတွက် သုံးရက်တိုင် ဆန္ဒဖော်ထုတ်မှုမှာ တတိယမြောက်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဒေသအာဏာပိုင် များက တားမြစ်မှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး ဦးဆောင်ပါဝင်သူ ငါးဦးကို ပုဒ်မ ၁၈ ဖြင့် အရေးယူ ထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခင်ဦးမြို့နယ် ရုံးခွဲ တာဝန်ခံ ဦးသိန်းအောင်က ပြောကြားသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး အပါအဝင် သက်ဆိုင်ရာ
အာဏာပိုင် အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံ တားမြစ်မှုကြောင့် ရပ်ဆိုင်း
ခဲ့ရသော်လည်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် တရားသူကြီးနှင့်
မြို့နယ်မြေစာရင်း ဦးစီးမှူးတို့ကို အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ပါက
အဆိုပါ ဆန္ဒဖော်ထုတ်မှုထက် အင်အားကြီးမားသော ဆန္ဒဖော်ထုတ်မှုများကို
ခွင့်ပြုချက် မရလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်
ပြောကြားသည်။စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်၍ တရားဥပဒေစိုးမိုးရေး အတွက် သုံးရက်တိုင် ဆန္ဒဖော်ထုတ်မှုမှာ တတိယမြောက်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဒေသအာဏာပိုင် များက တားမြစ်မှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး ဦးဆောင်ပါဝင်သူ ငါးဦးကို ပုဒ်မ ၁၈ ဖြင့် အရေးယူ ထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခင်ဦးမြို့နယ် ရုံးခွဲ တာဝန်ခံ ဦးသိန်းအောင်က ပြောကြားသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ရာတွင် ဦးဆောင်ပါဝင်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခင်ဦးမြို့နယ်ရုံးခွဲ တာဝန်ခံ ဦးသိန်းအောင် အပါအဝင် ဦးကျော်နိုင်၊ ဦးဇင်အောင်၊ ဦးအောင်ချစ်ဝင်း၊ ဦးသန့်ဇင်ဦး တို့အား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့် အရေးယူထားကြောင်း ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးဦးသန်းဝင်းက ပြောကြားသည်။
ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စုပေါင်း ၆၃ အုပ်စုရှိ တောင်သူလယ်သမားများ ရင်ဆိုင် ကြုံတွေ့နေရသော အမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်ခြင်းနှင့် ကိုယ်ကျိုးရှာ လုပ်ဆောင်ခြင်းများ ရှိသောကြောင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်တရားသူကြီးနှင့် မြို့နယ် မြေစာရင်း ဦးစီးမှူးတို့ကို အလိုမရှိကြောင်း ဆန္ဒ ဖော်ထုတ်မှုကို ဇန်နဝါရီလ ၁၃ ရက်နေ့က စတင် ပြုလုပ်ခဲ့ကြောင်း အဆိုပါဆန္ဒ ဖော်ထုတ်ခြင်းတွင် ပါဝင်သူများက ပြောကြားသည်။
No comments:
Post a Comment