Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

အောင်မြင်ခြင်း မအောင်မြင်ခြင်းဟာ ကိုယ့်အပေါ်မှာပဲ မှုတည်တယ် ပြေတီဦး

အောင်မြင်ခြင်း မအောင်မြင်ခြင်းဟာ ကိုယ့်အပေါ်မှာပဲ မှုတည်တယ် ပြေတီဦးလူသန်းပေါင်း ခြောက်ဆယ် ထဲမှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်  ဖြစ်ဖို့ဆိုတာ တကယ်ကို မလွယ်လှတဲ့ ကိစ္စရပ်ပါ။ အောင်မြင်ကျော်ကြား သူတွေမှာ ဘယ်လို ကိုယ်ရည် ကိုယ်သွေးတွေ ပိုင်ဆိုင် ထားလဲ၊ သူတို့က ဘယ်လို အကြောင်း အရာတွေ ပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင် ထားလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ။
ကိုယ့်ကိုယ်ကိုယ် အောင်မြင်လာတာ ဘာကြောင့်လို့ ထင်လဲ
ကျွန်တော်က အနုပညာ အလုပ်ကို ရောက်ကတည်း က သေ သေချာချာကြိုးကြိုး စားစားနဲ့ ကိုယ့် အစွမ်းရှိ သလောက် ကြိုးစားခဲ့တယ်။ ဘယ်သူ့ အပေါ်မှာမှ မယုတ်မာဘူး။ မကောက် ကျစ်ဘူး။ ကိုယ်မအောင် မြင်သေးတဲ့ အချိန်၊ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာလည်း ကိုယ်ကိုယ် တိုင်ညံ့လို့ မအောင်မြင်တာ ဘဲလို့ နှလုံးသွင်းတယ်။ ဘယ်သူ့ကိုမှ လက်ညှိုး မထိုးဘူး။ အရာအားလုံး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက ကိုယ့်အပေါ်မှာပဲ မူတည် တယ်လို့ သဘောထားတယ်။ ပြီးတော့ ကျွန် တော် မဖြစ်ဖြစ်အောင် ဇွဲနဲ့သည်းခံပြီး နေတယ်။ လူတွေအားလုံး အပေါ်မှာ စေတနာ ထားတယ်။ အကြောင်းအ ရာတွေ အားလုံး တိုက်ဆိုင် သွားပြီး အောင်မြင် လာတယ်လို့ ထင်တယ်။
ကိုယ့်ကို ပရိသတ်တွေ ဘာကြောင့် ကြိုက်တယ်လို့ ထင်လဲ
ပရိသတ်တွေဘာလို့ကြိုက်တာ လဲဆိုတာတော့ ပရိသတ်တွေကို မေးကြည့်မှပဲသိမှာပါ။
ကိုယ့်ရဲ့ ခန္ဓာကိုယ်က လှတယ်ဆိုပြီး သတ်မှတ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲ
ကျွန်တော့်ခန္ဓာကိုယ်မှာလှတယ် လို့ သတ်မှတ်ထားတဲ့အစိတ်အပိုင်း မရှိပါဘူး။ တစ်နေရာမှ မလှပါဘူး။
ရှုတင်မိတ်ကပ် လိမ်းရတဲ့အခါ မှာရော သဘောကျလား
မိတ်ကပ် လိမ်းရတာကိုမကြိုက် ဘူး။ ကျွန်တော်က မိတ်ကပ်လိမ်းတဲ့ အထဲမှာမပါဘူး။
ဒါရိုက်တာက ဒိုင်ယာလော့ခ်တွေ ချပေးရင်ရော လွယ်လွယ်နဲ့ ရတတ်လား
 ဒိုင်ယာလော့ခ်ချပေးရင်လည်း လွယ်လွယ်နဲ့တော့ရတတ်ပါတယ်။ မမေ့တဲ့သူတော့မရှိပါဘူး။ ဘယ် လောက်ပဲ လွယ်လွယ်ကူကူရတဲ့သူ ပဲပြောပြော တစ်ကြိမ်မဟုတ် တစ် ကြိမ်တော့ မေ့သွားတာမျိုး၊ မှား သွားတာမျိုး မဖြစ်ဖူးတဲ့သူမရှိပါဘူး။
အားတဲ့အခါမှာ လုပ်တတ်တဲ့ အမှုအကျင့်က
ကျွန်တော်အားရင် တင်းနစ် ရိုက်တယ်။ သမီးနဲ့ဆော့တယ်။
အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်
အောင်မြင်မှုမှာ လျှို့ဝှက်ချက် ရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်မှာအ စွမ်းရှိသလောက် အမြဲကြိုးစားနေ မယ်။ ကိုယ့် အလုပ်ကို တန်ဖိုးထား မယ်။ စိတ်စေတနာတစ်ခုထားပြီး ပေါင်းသင်း ဆက်ဆံရေးကအစ ဂရု စိုက်ရင် အဆင်ပြေမှာပါ။

No comments:

Post a Comment