![]() |
| လူအများလာရောက်အပန်းဖြေလေ့ရှိသည့် ပြည်လမ်းအနီးရှိ အင်းလျားကန်ပေါင် ဓာတ်ပုံ-နစ်ကီ / 7day Daily |
အင်းလျားကန်ပေါင်ပေါ်ရှိ လူတစ်စုကို လွတ်လပ်ရေးနေ့ညက သတ်မှတ်ချိန်ကျော်လွန်၍ ဖယ်ရှားခိုင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၅ ရက် ည ၁၂ နာရီ ကျော်တွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကိုယ်ပိုင်ဂျစ်တစ်စီးဖြင့် ရောက်ရှိလာပြီး အရက်သေစာများသောက်စားမူးယစ်ခဲ့၍ သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တို့က သတ်မှတ်ချိန် ၂၄ နာရီ ကျော်လွန်ပြီဖြစ်၍ ကန်ပေါင်ပေါ်မှ ဆင်းပေးရန် ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုစဉ် လုပ်ချင်ရာလုပ်ဟုဆိုတာ ဆဲဆိုခဲ့သဖြင့် ဖမ်းဆီးမည်ပြုရာ ၎င်းတို့က ပြန်လည်ခုခံပြီး လက်သီးဖြင့်ထိုးခဲ့၍ ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းအမျိုးသားနှစ်ဦးကို လှိုင်မြို့နယ်ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄/၃၃၂ အရ ပြည်သူ့ဝန်ထမ်းအား နာကျင်အောင်ပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7day Daily

No comments:
Post a Comment