Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 6, 2014

ရေတပ်သားနှစ်ဦးက ရဲတပ်သားကို တာမွေရဲစခန်းအတွင်း ဓားဖြင့်ထိုး

တယ်လီဖုန်းအရောင်းအ၀ယ်နှင့် ပတ်သက်၍ ရဲစခန်းအတွင်း၌ ရေတပ်သားနှစ်ဦးက ရဲတပ်သားတစ်ဦးကို ဓားဖြင့်ထိုးသောကြောင့် ပြည်သူ့ဝန်ထမ်းကို နာကျင်အောင်ပြုလုပ်မှုဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။

တာမွေမြို့မရဲစခန်းအတွင်း စခန်းမှူးရှိနေစဉ် ရေတပ်သားနှစ်ဦးသည် ဇန်န၀ါရီ ၃ ရက် နံနက်က ရောက်လာပြီး မှုခင်းအကူစာရေး ရဲတပ်သားတစ်ဦးနှင့် တယ်လီဖုန်းအရောင်းအ၀ယ်ကိစ္စ ပြောနေရာမှ ရေတပ်မှ ဒုတပ်ကြပ်က လွယ်အိတ်အတွင်း အသင့်ပါလာသော ၁၈ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ရဲတပ်သားကို ထိုးလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ရဲတပ်သား၏ ဘယ်ဘက်လက်ဖျံနှင့် လက်ဖ၀ါးတို့တွင် ဒဏ်ရာများရရှိခဲ့သည်။ ထို့နောက် ရေတပ်သားများထွက်ပြေးသွားကြရာ စခန်းမှူးက လိုက်လံဖမ်းဆီးရာ ရေတပ်ဒုတပ်ကြပ်အား သက်သေခံဓားနှင့်အတူ ဖမ်းမိပြီး ရေတပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။
““ရဲစခန်းထဲမှာဖြစ်တာ ဒဏ်ရာရတဲ့ရဲဘော်ကတော့ ဒဏ်ရာကို ချုပ်လိုက်ရတယ်။ အသက်အန္တရာယ်တော့ မထိခိုက်ပါဘူး။ ထွက်ပြေးတဲ့တစ်ယောက်ကို မမိသေးဘူး။ ဖမ်းမိတဲ့ ဒုတပ်ကြပ်ကို စစ်ဆေးပြီး တပ်မတော်တပ်ထိန်းကို လွှဲပေးလိုက်တယ်””ဟု တာမွေမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

တာမွေမြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာပုဒ်မ-၃၃၂/ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ထွက်ပြေးသွားသည့် ရေတပ်သားအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

7day Daily

No comments:

Post a Comment