Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 24, 2014

ယခင် စစ်အစိုးရ စနစ်ကြောင့် သာသနာရေး ၀န်ထမ်းများ ဘုန်းကြီးပင့်၊ ဆွမ်းကပ် အလုပ်သာ လုပ်တတ်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပြော


 ရန်ကုန်၊ ဇန်န၀ါရီ ၂၀

ယခင်စစ်အစိုးရ စနစ်ကြောင့် သာသနာရေး ၀န်ထမ်းများ ဘုန်းကြီးပင့်၊ ဆွမ်းကပ် အလုပ်သာ လုပ်တတ်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ဇန်န၀ါရီ (၁၉)ရက်နေ့ အောင်ဆန်း တောရတပ်ဦး ကျောင်းတိုက် ၀ိဇာတ မင်္ဂလာ အထိမ်းအမှတ်(၂၂) ကြိမ်မြောက် အဓိဋ္ဌာန် ဒုလ္လဘ ရဟန်းအပါး (၅၀၀) ဥပသမ္ပအာဆောင်ပွဲ (၁၄၉) ကြိမ်မြောက် (၁၀)ရက်စခန်း တရားအားထုတ် ပူဇော်ပွဲနှင့် ပဉ္စမအကြိမ် သီလရှင်အပါး (၁၅၀) ၀တ်ပွဲအခမ်း အနား သွားရောက်ရာ ပူဇော်ပွဲတွင် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မ ကိတ္တိသာရ (မဟာကမ္မဋ္ဌာန စရိယ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ)အား သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က လျှောက်ထားရာတွင် ““အရင်က သာသနာရေး ကိစ္စတွေကို ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး တွေကပဲ လုပ်ခဲ့တာ။ တကယ်တော့ သာသနာရေး အလုပ်တွေကို ဘာမှ မလုပ်တတ် ကြဘူး။ ၀န်ကြီးတွေရော ဒုဝန်ကြီးတွေရော ဘာမှ မလုပ်တတ်ကြတာ၊ အခုနောက်ပိုင်း ကျတော့ သာသနာရေး အလုပ်သည် သာသနာရေးကပဲ လုပ်ရမှာ ဖြစ်သွားပြီ။ တပည့်တော် ကိုယ်တိုင်လည်း မင်းတို့တတ်အောင် လုပ်ကြဆိုပြီး မှာကြားထားတယ်။ အခုက အစက ပြန်သင်နေရသလို ဖြစ်နေခဲ့တယ်။ သူများတွေကတော့ အထင်ကြီးမှာပေါ့။ တပည့်တော်လည်း အစက အထင်ကြီးတယ်။ ကိုယ့်ဝန်ကြီးဌာနကို ရောက်မှ သြော် တို့ကောင်တွေ မတတ်ဘူးလား ဆိုပြီး သိလိုက်ရတယ်။ အခုမှ အစက ပြန်သင်နေရတာ။ သာသနာရေး အလုပ်ကို သာသနာရေး ၀န်ထမ်းတွေက မလုပ်တတ်တာကိုပဲ အံ့သြနေခဲ့ရတာ၊ အဲတော့ တချို့ကိစ္စတွေက ကော်မတီတွေ ဖွဲ့လုပ်တော့ ၀န်ကြီးဌာနက နောက်ကပဲ။ အဲဒီတော့ ဘုန်းကြီးပင့်တဲ့ အလုပ်ပဲ လုပ်တတ် ကြတော့တယ်””

ဆရာတော်က ပြန်လည် မိန့်ကြားရာတွင် ““ဘုန်းကြီးတို့ကတော့ လမ်းတွေ လမ်းတွေမှာ တရားပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင် လုပ်လာကြတာ ကောင်းတယ်။ ဘုန်းကြီးတို့ မိုးကုတ်ကတော့ နိုင်ငံရေးတွေတော့ မဟောရဘူး။ နိုင်ငံရေး ဟောတဲ့ ဘုန်းကြီးတွေဆိုရင် ခေါ်သတိပေးတာတွေ လုပ်တယ်။ လမ်းတိုင်း လမ်းတိုင်း မှာ တရားတွေ ရောက်လာတော့ မတရားတာတွေ လျော့လာမယ်။ ဘာသာရေး ကိစ္စတွေမှာ ဆရာတွေ ကလည်း — သင့်တယ်လေ””ဟု ပြန်လည် မိန့်ကြားခဲ့သည်။

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ၎င်း၏ ဌာနအတွင်း အရာထမ်းတစ်ဦးက တိုင်ကြားခြင်းကြောင့် သာသနာရေး ၀န်ကြီးဌာန၏ လုပ်ငန်းများနှင့် ဘတ်ဂျက်အသုံးများကို သမ္မတရုံးမှ စစ်ဆေး ဆောင်ရွက်နေကြောင်း မဟာနာယက ဆရာတော်ကြီးများ အသိုင်းအ၀ိုင်းထံမှ သိရှိရပြီး သာသနာရေး ပြည်ထောင်စုဝန်ကြီး စစ်ဆေးခံရသည့် သတင်းမှာလည်း ဆရာတော်ကြီးများအတွင်း ပျံ့နှံ့ဝေဖန် ပြောဆိုလျက် ရှိကြသည်။

ရသေ့တောင်မြို့နယ်၊ မုန်စဲကျွန်းဗုဒ္ဓပါဒ ခြေတော်ရာသို့ အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော် ဘုရားကြီး၏ ရခိုင်ပြည်နယ် ဇန်န၀ါရီ ၁၅ ရက်နေ့ မဟာဗောဓိ စိန်ဖူးတော်တင်ပွဲသို့ ရောက်ရှိလာသော သာသနာရေး ပြည်ထောင်စု ၀န်ကြီးအား စစ်ဆေးခံရခြင်း ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်မှ မေးမြန်းရာတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ““ကျွန်တော့်အနေနဲ့ လုပ်ငန်းနှင့် ငွေကြေး ပိုင်ဆိုင်ရာတွေမှာ ဒုဝန်ကြီးကို အကုန် လုပ်ပိုင်ခွင့်ပေး လွှဲထားပြီးဖြစ်လို့ အမှန်တရားအတိုင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်”” ဟု ပြောကြားခဲ့သည်။

ကျော်စိုးဦး




No comments:

Post a Comment