Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 18, 2014

ထောက်လှမ်းရေးလက်ကျန်တွေကို လွှတ်ပေးခဲ့လျှင် လူသားချင်းစာနာမှုဖြင့်မကန့်ကွက်ပါကြောင်း နိုင်/ စစ်ကော်မတီဆို


နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်း  သက်သာခွင့်ဖြင့် အကြိမ်ကြိမ်လွှတ်  ပေးနေသောအကျဉ်းသားများတွင်  နိုင်ငံတော်ပုန်ကန်မှု အကျင့်ပျက် လာဘ်စားမှုအမျိုးမျိုးဖြင့် ပြစ်ဒဏ် ကျခံနေရသော ယခင်စစ်ထောက်  လှမ်းရေးများမပါရှိသေးသဖြင့် ၎င်းင်း တို့၏မိသားစုများကတောင်းဆိုနေ သည့်အပေါ်နိုင်ငံရေးအကျဉ်းသား များ စိစစ်ရေးကော်မတီအနေဖြင့် လူသားချင်းစာနာမူထား၍ မကန့် ကွက်ပါကြောင်း နိုင်/စစ်ကော်မတီ  ၀င်ဦးထွန်းကြည်ကဆိုသည်။
ယင်းကော်မတီက စစ်ထောက်  လှမ်းရေးအကျဉ်းသားလက်ကျန် များကို နိုင်ငံရေးအကျဉ်းသား ခေါင်းစဉ်ဖြင့် လွှတ်ပေးရန် တောင်းဆိုပေးသည်ဆိုသည့်သတင်း မှာလုံးဝမဟုတ်မှန်ကြောင်း လူသား  ချင်းစာနာမှုဖြင့် တရားလိုကတရား  ခံဖြစ်ခဲ့ရသည့်အမှုမျိုးသမ်္မတ၏ လွတ်ငြိမ်းသက်သာခွင့်ထဲပါလာခဲ့ လျှင် ကန့်ကွက်မည်မဟုတ်ဟုပြော  ဆိုခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
“သူတို့တွေတင်မဟုတ်ပါဘူး။  အကျဉ်းသားတိုင်းအပေါ်မှာ ကျွန်တော်တို့ဒီသဘောပဲထားပါ တယ်။ ဖြတ်သန်းခဲ့ရတဲ့ အမှောင် ခေတ်တလျှောက်လုံးကျွန်တော် တို့ နိုင်ငံရဲ့တရားရေး မဏ္ဍိုင်ဟာယိမ်း ယိုင်ခဲ့ရတဲ့အတွက် ဒီဘဘောထား ကိုပေးတာပါ။ ကျွန်တော်တို့က ဒီထောက်လှမ်းရေးတွေကို နိုင်/ ကျဉ်းခေါင်း စဉ်ထဲသွင်းတယ်ဆို တာတော့လုံးဝ မဟုတ်ပါ ဘူး။ နိုင်ငံ ရေး အကျဉ်းသားဆိုတာဒီမိုကရေစီ အရေးနဲ့ အများအကျိုးအတွက် အနစ်နာခံပြီးပေးဆပ်စွန့်လွှတ်ခဲ့ရ တဲ့ သူတွေသာဖြစ်ပါတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ် ဦးဖြစ်သူဦးထွန်းကြည်ကဆိုသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ သည်တိုင်းပြည်၏အခွင့်ထူးခံလူတန်း စားတစ်ရပ်လည်းမဟုတ်ကြောင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာ လတွင် တိုင်းပြည်အတွက် တစ်တပ်တစ်အားဆက်လက်ကြိုး ပမ်းသွားမည့်သူများသာဖြစ်ကြောင်း  ဆိုပါသည်။           

ဇော်မြင့်
 

No comments:

Post a Comment