စိတ်ဖိစီးမှုတွေ များလာကြတဲ့အခါ..
ယောက်ျားများ စိတ်ဖိစီးကြတဲ့အခါ..
ယောက်ျားများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ များလာတဲ့အခါမှာတော့
သူတို့အလုပ်ချင်ဆုံးအလုပ်ဟာ သူတို့ ဦးနှောက်ထဲက ဘာမှ မရှိတဲ့ သေတ္တာကို
အမြန်ပြေးဖွင့်ချင်တာပါဘဲ။ ဆိုလိုတာကတော့ စိတ်ညစ်လာတဲ့အခါ ယောက်ျားများဟာ
ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေး နေချင်တာပါ။ ဘာမှလည်း မပြောချင်ပါဘူး..
ဒီအတိုင်းလေး အေးအေးဆေးဆေး နေချင်တာပါ..
အဲ့ဒီ့အချိန်မှာ
မိန်းမလုပ်သူက ဘေးနားရောက်လာပြီး.. "ရှင်..ဘာစဉ်းစားနေတာလဲဟင်.. ကျမကို
ပြောပြပါလား..ဘာတွေဖြစ်လာတာလဲ.. " စတဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။
မိန်းမသဘာဝ စိတ်ပူတတ်တာကိုး.. စိတ်ပူတော့ သူ့ဦးနှောက်ထဲက ကေဘယ်ဝါယာတွေလည်း
ပူလာတော့တာပါဘဲ.. ဒီအချိန်မှာ ယောက်ျားလုပ်သူက "ငါ..ဘာမှ
မစဉ်းစားပါဘူးကွာ... အေးအေးဆေးဆေး နေချင်လို့ပါ.. ဝေးဝေးမှာနေပေးပါ" လို့
ပြောလိုက်မိတတ်ပါတယ်။ အဲ့ဒီမှာ ကေဘယ်ဝါယာ ပူပြီး စိတ်ကောက်တော့တာပါဘဲ။
ဝါယာရှော့များ..ဖြစ်သွားရင်တော့ "ဘယ်မိန်းမအကြောင်း တွေးနေမှန်းမှမသိတာ..
ဘယ်ပြောချင်မလဲ.. မဟုတ်တာလုပ်နေတာကို...@#%$^" စသည်ဖြင့် တန်ပို (Tempo)
တွေတက်လာရာက လင်မယား ရန်ဖြစ်ကြတော့တာပါဘဲ..
ကျနော်တို့လည်း စိတ်ညစ်နေတဲ့အချိန် အဲ့ဒီ့လို ဘေးနားက ထပ်ပြီး ဗျစ်တောက် ဗျစ်တောက် ပူလာရင် မခံနိုင်တော့ဘဲ ပေါက်ကွဲတတ်ကြ
ပါတယ်။
ယောက်ျားများဟာ စိတ်ဖိစီးမှုများလာရင်...သူ့ရင်ထဲက စိတ်ညစ်စရာများကို
ဖြေရှင်းပေးနိုင်မယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊ ညီအကို၊ မိဘ များနှင့်သာ
တိုင်ပင်လေ့ရှိပါတယ်။
မိန်းမများ စိတ်ဖိစီးကြတဲ့အခါ..
မိန်းမများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ ကြုံလာရင်တော့ အဲ့ဒီ့ကိစ္စကို
သူဖွင့်ပြောမှ ပေါ့သွားမှာပါ။ ပြောကို ပြောရမှ။ မပြောရရင်တော့
သူ့ရဲ့ဦးနှောက်ထဲက ကေဘယ်ဝါယာကြီးဟာ ပေါက်ကွဲလို့သွားတော့မှာပါ..
"လုံးဝထင်မထားဘူး.. အဲ့ဒီ့မိန်းမ အဲ့ဒိလိုလုပ်သွားလိမ့်မယ်လို့...
တော်တော်ဒေါသထွက်ဖို့ကောင်းတယ်.@#%$^.." ဘာဘာ ညာညာ ပြောလာရင် အမျိုးသားများ
ဂရုတစိုက်နားထောင်ပေးလိုက်ပါ။ ဘာမှ ၀င်မဖြေရှင်းပေးပါနဲ့...
အကြံမပေးပါနဲ့...သူပြောတာကိုဘဲ နားထောင်ပေးလိုက်ပါ။ ၀င်ပြောလိုက်တာနဲ့
သေပြီဆရာဘဲ.. ဒေါသအိုးက သင့်အပေါ်ကျသွားနိုင်ပါတယ်။
အမျိုးသားတွေ
လုပ်ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ ဦးနှောက်ထဲက ဘာမှမရှိတဲ့ သေတ္တာလေးကို
ဖွင့် ပြီး.. သူမ ပြောသမျှ နားထောင်ပေးလိုက်ရုံပါဘဲ.. သူလည်း
ပြောချင်တာပြောပြီး Stress တွေလျှော့.. ကျနော်တို့လည်း ဘာမှမစဉ်းစားဘဲ..
အေးအေးဆေးဆေးလေးပေါ့...
(အမေရိကန် စာရေးဆရာ Mark Gungor ရဲ့ "A
Tale of Two Brains ကို ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက်
ကွာခြားချက်လို့ ဘာသာပြန်ပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အချို့သော
ဥပမာများဟာ မြန်မာပြည်နဲ့ လိုက်လျှောညီထွေဖြစ်အောင်
ပြန်လည်တင်ဆက်ပေးထားတာဖြစ်ပါတယ်။)
ကျေးဇူးတင်ပါတယ်။
အာကာသနှင့် စကြ၀ဠာ
Credit To : သတင်းနှင့်စွယ်စုံ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 11, 2014
ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက်
ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက်
Reviewed by VC
on
January 11, 2014
Rating: 5
Reviewed by VC
on
January 11, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment