ဦးဆောင်ခေါ်ယူလာသူကတော့ ရဲတပ်ကြပ် လှမင်းဦး (၈/ရစက)(နိုင်) ၁၀၇၃၂၇ (ဘ) ဦးစံကင်းဖြစ်ပြီး ယာဉ်အမှတ် MDY.CC.8463./probox နဲ့ ခေါ်ယူလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းရဲ့ အမည်ကတော့ ဟန်လင်း (၇/ကဝန) (နိုင်) ၀၉၀၆၁၂ ကိုင်ဆောင်သူ ဖြစ်တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။
အဲဒီ ဘင်္ဂလီ လူမျိုး ၅ ဥင်္ီးထဲမှာ သုံးဦးကတော့ အမျိုးသား၊ ကျန် နှစ်ဦးက အမျိုးသမီးတွေ ဖြစ်ပြီး ဘုရားဖူးသားလို ဟန်ဆောင်ပြီး စစ်တွေကနေ ခေါ်ယူလာရာမှာ ဒီလ ၈ ရက်နေ့ ည ၁၁ နာရီ ခွဲအချိန်မှာ အမ်းပူးပေါင်း စစ်ဆေးရေးဂိတ်မှာ လ/ထ လဝကမှူး တင်မင်းလတ် ဦးဆောင်တဲ့ အဖွဲ့ကနေ ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို အခု အမ်းရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။
Burmesenews narinjara

No comments:
Post a Comment