Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

ရန်ကုန်ဆေးရုံကြီးအား နိုင်ငံ၏ စံပြဆေးရုံအဖြစ် ဆောင်ရွက်ရန် အလှူငွေများ ရရှိနေပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရန် အလှူငွေများ ကောက်ခံ ရရှိ နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ရန်ကုန်ဆေးရုံကြီး ကို မြန်မာနိုင်ငံ၏ စံပြဆေးရုံဖြစ်ရန် ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည့်
ရန်ကုန်ဆေးရုံကြီးပြန်လည်ပြုပြင်မွမ်းမံရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ''ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံတဲ့နေရာမှာ တိုးတက်မှုတွေ ရှိနေပါပြီ။ ပြောရမယ်ဆိုရင် အလှူငွေတွေတော်တော်ရနေပြီ'' ဟုပြောသည်။

ဆေးရုံကြီး ပြုပြင်ရေးအတွက် ရန်ပုံငွေရှာဖွေရေးမှ NLD ပါတီ ဝင် ဒေါက်တာတင်မျိုးဝင်းကလည်း ဆေးရုံကြီးပြုပြင်ရန် လက်ရှိတွင် JICA နှင့် အင်္ဂလန်နိုင်ငံတို့မှ အကူအညီများရရန် ဆွေးနွေးနေကြောင်း ပြော ည်။ UK နိုင်ငံကလည်း ရန်ကုန်အထွေထွေရောဂါကုဆေး ရုံကြီး ပြန်လည် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဘဏ္ဍာရေးအရ ကူညီမည်ဟု ယခင်နှစ် အောက်တိုဘာလက ကြေညာချက်ထုတ်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည့် ဒေါ်အောင် ဆန်းစုကြည်သည် လွှတ်တော် (ပထမအကြိမ်ပြည်သူ့လွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေး)တွင် ပထမဆုံးအနေဖြင့် အဆိုနှစ်ခု တင်သွင်းရာ၌ ရန်ကုန်ဆေးရုံကြီးကို ပြုပြင်မွမ်းမံ၍ အဆင့်မြင့်ဆေးရုံကြီးတစ် ခု ဖြစ် မြောက်ရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့်အဆို တင်သွင်းခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်ဆေးရုံကြီး ပြန်လည်ပြုပြင်မွမ်းမံရေးကော်မတီ ကို ၂ဝ၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

ဝေမာထွန်း

Popular Myanmar News Journal


No comments:

Post a Comment