Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

သစ်တောကြိုးဝိုင်းအတွင်း နေသူများ သစ်တောဦးစီး သန်းခေါင်စာရင်းကောက်မည်

Wednesday, January 22, 2014

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် သစ်တောကြိုးဝိုင်းများအတွင်း နေထိုင်သူများအတွက် သစ်တောဦးစီးဌာနက တာဝန်ယူ ကောက်ယူမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းမြင့်က ပြောကြားသည်။

မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများအတွင်း နေထိုင်သူများ၏ စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ရှိ သစ်တောဦးစီးဌာန တာဝန်ရှိသူများက စာရင်းကောက်ယူမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

စာရင်းကောက်ယူရာတွင် သစ်တောမြေအတွင်း နေထိုင်သူ မည်သူ့ကိုမဆို စာရင်း ကောက်ယူမည် ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံသို့ ပေးပို့မည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ယခုလက်ရှိအထိ သစ်တောကြိုးဝိုင်း ၈၁၂ ခု၊ ကြိုးပြင် ကာကွယ်တော ၃၂၆ ခုရှိကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက် ကျရောက်ပြီးချိန် ၁၈၉၁ ခုနှစ်မှ စတင်ကာ သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ခံခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင်သာ ကောက်ယူနိုင်ပြီး နှစ်ပေါင်း ၃၀ အကြာ ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိတွင် သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment