Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 14, 2014

ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အမြဲကြိုးစားသွားမယ့် ခင်စုစုနိုင်



မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ချစ်မြဲတိုင်းချစ်မယ် အမ်တီဗီနဲ့ ပတ်သက်ပြီး မျှော်လင့် ထားတာထက် ရောင်းအားပိုတက်ခဲ့တာကြောင့် သူမရဲ့ အခွေလေးနဲ့ ပတ်သတ်ပြီးရော၊ လတ်တလောအနုပညာအကြောင်းအရာတွေကိုပါ မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမ အခု နယ်ရှိုးတွေ သွားဆိုဖြစ်တယ်။ လားရှိုး၊ မန္တလေး၊ မြိတ်၊ တော်တော်များများ သွားဆိုဖြစ်တယ်။ အုပ်စုလိုက် အခွေလေးလဲ ထွက်ဖို့ရှိတယ်။ ရွှေရောင်နေ့ရက်များပေါ့။ အဲဒီအထဲမှာလဲ သီချင်းတစ်ပုဒ် ဆိုထားတယ်။ နောက်ပြီး ရိုမန်ဇန် ၁၃မှာလဲ ဆိုထားတယ်။ City FM မှာလဲ ခင်စုစုနိုင် မောင်နှမ၃ယောက်နဲ့ တွဲဆိုဖြစ်တယ်။’လို့ သူမက ဆိုပါတယ်။
အခုထွက်ထားတဲ့ အမ်တီဗီနဲ့ပတ်သတ်ပြီးတော့လဲ သူမက ‘ထွက်ထားတာသိပ်မကြာသေးဘူး။ ဒါပေမဲ့ ရောင်းအားက မထင်ထားသလောက်ကို အဆင်ပြေပါတယ်။ စီဒီမှာကတည်းက ပရိသတ် အားပေးကြတဲ့အတွက် အရုပ်လေးတော့ မြင်ချင်ကြတယ်။ ခင်စုစုနိုင် ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကြိုးစားပြီး လုပ်ထားတဲ့အခွေလေး ဖြစ်တဲ့အတွက်ပရိသတ်တွေအားပေးတဲ့အပေါ်ကို ကျေးဇူးအရမ်းတင်ပါတယ်’တဲ့။
သူမရဲ့ဂီတနဲ့ပတ်သတ်ပြီးမျှော်လင့်ချက်နဲ့ ခိုးကူးခွေအကြောင်းကိုတော့ ‘တောက်လျှောက်တော့ သီချင်းတွေကြီးပဲဆက်ဆိုသွားမယ်။ ၀ါသနာအရမ်းပါတဲ့အလုပ်ဖြစ်တဲ့အတွက် ပရိသတ်နဲ့ ထိတွေ့မှုအဆက်မပြတ်အောင်ကြိုးစားသွားမယ်။ ကိုယ့်ရဲ့အခွင့်အလမ်းရသရွေ့ဆက်လုပ်သွားမယ်။ အတွဲအခွေလေးက တောက်လျှောက်ထွက်နေတဲ့အတွက် ပရိသတ်နဲ့တော့ အဆက်မပြတ်ဘူးလို့ပြောလို့ရပါတယ်။ ခိုးကူးနဲ့ပတ်သတ်ပြီးတော့လဲ ခိုးကူးကတော့ ရှိနေသေးတာပါပဲ။ မပျောက်သေးဘူး။ အဲဒီအပေါ်မှာ ပရိုဂျူဆာတွေအနေနဲ့က အခုဆို အခွေတစ်ခွေထုတ်ဖို့ကို တော်တော်လေးစဉ်းစားရတယ်။ ပြောရရင် အစဉ်အလာအရပဲ ထုတ်တဲ့သူတွေ ရှိတော့တယ်။ ပရိုဂျူဆာကနေ ဒီလူတစ်ယောက်အတွက် ရဲရဲကြီးထုတ်ပေးမဲ့သူဆိုတာရှားသွားပြီ။ ဘာကြောင့်လဲဆိုတော့ ထုတ်လိုက်ရင်လဲမိုင်းနပ်စ်ပဲပြတာ ဆိုတော့လေ။ ဒါပေမယ်လို့ အကုန်လုံးက ဂီတကိုရူးသွပ်ကြတယ်။ နောက်ပြီး အမ်တီဗီတွေထွက်ရင်လဲ နိုင်ငံခြားကိုမှီအောင်လို့ကြိုးစားလာကြတယ်။ ပြောရရင် ကိုယ့်ရဲ့ရူးသွပ်မှုရယ်၊ ပရိသတ်တွေကိုပေးဆပ်ချင်တာကြောင့်ရယ်သာ အဆိုတော်တွေအကုန်လုံးက ကိုယ့်အခွေကိုယ်ပရိုဂျူဆာတွေ လုပ်လိုက်ကြတာ။ အကုန်လုံးကသိပ်ဂရုမစိုက်ကြတော့ဘူး။ အဲဒီစိတ်ဓာတ်တွေကိုလဲ ခင်စုစုနိုင်လေးစားတယ။် အဲဒီလိုပေးဆပ်မှုကြောင့် ပရိသတ်တွေက အားပေးလာကြတယ်လို့ထင်ပါတယ်’လို့ သူမက ပြောပြခဲ့ပါတယ်။

No comments:

Post a Comment