Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 18, 2014

ကာချုပ်မိန့် ခွန်းပေါက်ကြား၍ စုံစမ်းစစ်ဆေးနေသောသတင်း မဟုတ်မှန်ဟုဆို


Sunday, January 19, 2014

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်း ပေါက်ကြား၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခြင်းမှာ မဟုတ်မှန်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝေလင်းက The Voice သို့ ပြောကြားသည်။
“မဖြစ်နိုင်ပါဘူး။ ဒီသတင်းတွေ လွဲနေတာ ဖြစ်ပါလိမ့်မယ်” ဟု ဗိုလ်မှူးချုပ် ဝေလင်းက ငြင်းဆိုသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ချမှတ်ခဲ့သည့် တပ်မတော်၏ တည်ဆောက်ရေးလုပ်ငန်း တာဝန်ကြီး လေးရပ်ကို အမြဲတမ်း လိုက်နာသွားရမည့် မူဝါဒအဖြစ် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၃ နိုဝင်ဘာလ၂၉ ရက်က ကာကွယ်ရေး ဦးစီးချုပ်ရုံးကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အုပ်ချုပ်မှု မွမ်းမံသင်တန်း အမှတ် (၃/၂၀၁၃) သင်တန်း ဆင်းပွဲတွင် မိန့်ခွန်း ပြောကြားခဲ့သည်ဟု မီဒီယာအချို့တွင် ရေးသားဖော်ပြမှုကြောင့် စစ်ဆေး အရေးယူမည်ဟု နေပြည်တော် ကောင်စီနယ်မြေရှိ အစိုးရအဖွဲ့ အကြီးအကဲများထံမှ သတင်းမှ ထွက်ပေါ်လျက် ရှိကြောင်း အဆိုပါအ သိုင်းအဝိုင်းများထံမှ သိရသည်။

“တပ်တည်ဆောက်ရေးလုပ်ငန်း တာဝန်ကြီးလေးရပ်နဲ့ တပ်ကိုကောင်းအောင် လုပ်ပေးရမယ်။ (၁) အချက် လေ့ကျင့်ရေးနှင့် တပ်တည်ဆောက်၊ (၂) အချက် အုပ်ချုပ်ရေးနှင့် တပ်တည်ဆောက်၊ (၃) အချက် သက်သာ ချောင်ချိရေးနှင့် တပ်တည်ဆောက်၊ (၄) အချက် စိတ်ဓာတ်နှင့် တပ်တည်ဆောက်ရမယ်။ ဒီတပ်တည်ဆောက်ရေး တာဝန်ကြီး လေးရပ်ဆိုတာ အရင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ချမှတ်ပေးထားတဲ့ မူဝါဒ ဖြစ်ပြီး တပ်မတော်အတွက် အမြဲတမ်း လိုက်နာရမယ့် မူဝါဒ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုကြောင်း ဇန်နဝါရီလ ဒုတိယပတ်ထုတ် သစ္စာသတင်း ဂျာနယ်တွေ ရေးသား ဖော်ပြထားသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အစည်းအဝေး ခန်းမသည် နိုင်ငံတော် လုံခြုံရေးအတွက် အရေးကြီးသော စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းမှူးနှင့် တပ်မမှုးများ တက်ရောက်သော လေးလပတ် အစည်းအဝေး ပြုလုပ်သော အစည်းအဝေးခန်မ ဖြစ်သဖြင့် ယင်းခန်းမအတွင်းမှ သတင်းအချက်အလက် အကြောင်းအရာများ ပေါက်ကြားခဲ့ခြင်းမှာ မဖြစ်သင့်သော ကိစ္စဖြစ်ပြီး လုံခြုံရေးစည်း ကျိုးပေါက်ခြင်းသာ ဖြစ်ကြောင်း ပြည်သူလွတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြောကြားခဲ့သော မိန့်ခွန်းလည်း ပေါက်ကြားမှု ဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment