Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

အိုင်တီနဲ့ ကျန်းမာရေး

အိုင်တီနဲ့ ကျန်းမာရေးနည်းပညာ တိုးတက်ပြောင်းလဲ လာတဲ့ ခေတ်ကာလမှာ လူတွေဟာ တစ်နေကုန် တစ်နေခမ်း အိုင်တီ ပစ္စည်းများကို အသုံးပြုရင်း၊ ထို ပစ္စည်းများနဲ့ အလုပ်လုပ်ရင်း အချိန် ကုန်ကြပါတယ်။ ဒီလိုနဲ့ လူသား တွေရဲ့ နေ့စဉ်ဘဝဟာ လှုပ်ရှားသွား လာမှု နည်းပါးလာပါတယ်။
တစ်နေ ကုန် ကွန်ပျူတာရှေ့မှာ ထိုင်နေရ တဲ့အတွက် ကိုယ်အလေးချိန်တွေ တက်လာပါတယ်။ တီဗီဖန်သားပြင် ကို တစ်နေကုန်ကြည့် နေရတဲ့ မျက်စိ ထိခိုက်ချို့ယွင်း လာပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ပုံ သဏ္ဌာန် မမှန်ကန်စွာ ထိုင်ရင် ညောင်းညာကိုက်ခဲခြင်း၊ ဇက်ကြောတက်ခြင်းတို့ကို ခံစားလာ ရနိုင်ပါတယ်။
နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်း တွေကြောင့် ကျွန်တော်တို့တွေ ၂၄ နာရီ၊ ၇ ရက်လုံးလုံး အနားမရဘဲ နိုးကြားနေခြင်း၏ ရလဒ်ကတော့ ဖိစီးမှုများ ပိုလာခြင်းဖြစ်ပါတယ်။ သုတေသန လေ့လာတွေ့ရှိ ချက်များအရ မီဒီယာအလွန်အကျွံသုံး ခြင်းသည် စိတ်ဓာတ်ကျနိုင်ခြေ၊ လူ မှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှု၊ လုပ်ငန်း ခွင်တွင် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဓာတ်မတည့်မှု များကို ခံစားစေရ ကြောင်း တွေ့ရှိထားကြပါတယ်။
ဒီ ပြဿနာကို ဖြေရှင်းဖို့ကတော့ လက် ကိုင်ဖုန်း၊ ကွန်ပျူတာ၊ ဂိမ်းဆော့ခြင်း လုံးဝမပြုလုပ်သည့် အချိန် တစ်နေ့ လျှင် ၁၀ နာရီထားရှိပေးပါ။ မိမိ တတ်နိုင်ရင် တတ်နိုင်သလောက် အချိန်ကို ကန့်သတ်ထားလိုက်ပါ။ ရုံးပိတ်ရက်များတွင် တစ်နေကုန် ဘာအိုင်တီပစ္စည်းမှကို အသုံးမပြုဘဲ မိသားစုအတွက် အချိန်ပေးလိုက်ပါ။ 
ဇင်မာမြင့်

No comments:

Post a Comment