Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

စကတ်ဝတ်ဖို့အတွက် ကျောင်းထွက်ခဲ့သူ


Saturday, January 18, 2014

ရုရှားနိုင်ငံမှာ နေထိုင်သူ Vladimir Fomin ဟာ စကတ်ဝတ်ခြင်းကို ခုံမင်သူ ဖြစ်ပါတယ်။ စကတ်ဝတ်ပေမယ့် မိန်းမစိတ် ဝင်သူ မဟုတ်ပါဘူး။ စကတ်ဝတ်ပြီး နေရတာကိုပဲ အဆင်ပြေတယ်၊ သင့်လျော် တယ်လို့ လက်ခံထားခြင်းကြောင့် ဖြစ်ပါတယ်။ 

ဒါကြောင့်မို့လည်း တက္ကသိုလ်ကနေ အထုတ်ခံရပါတယ်။ ရုရှားက Ivanovo University မှာ သင်္ချာဘာသာကို စကော်လာရှစ်နဲ့ ကျောင်းတက်ခွင့်ရ ပါတယ်။ ကျောင်းဆရာများက စကတ်မဝတ်ဖို့ အကြိမ်ကြိမ်တားပေမယ့် ဝတ်ဆင်ခဲ့ ပါတယ်။ သူ့အနေနဲ့ ငယ်စဉ်ကတည်းက စကတ်ဝတ်ရ တာကိုသာ နှစ်သက်ပြီး ကျောင်းတက်တဲ့ သက်တမ်းအလျှောက် အဆူခံ အဆဲခံပြီး ဝတ်ဆင်ခဲ့တာ ဖြစ်ပါ တယ်။ နောက်ဆုံးတော့ တက္ကသိုလ် အထိ ရောက်လာသည့်တိုင် ဗီဇ မဖျောက်ပါဘူး။ မိန်းကလေးတွေ သာ စကတ်ဝတ်ရတယ်လို့ ဥပဒေမသတ်မှတ်ထားကြောင်း ယောင်္ကျားလေးတွေ လည်း စကတ်ဝတ်ဆင်ရန် အခွင့်အရေး ရှိကြောင်း ဆန့်ကျင်ပြောကြား ပါတယ်။ 

ဒီလိုနဲ့ နောက်ဆုံးတော့ ကျောင်းအထုတ်ခံရပြီး ယနေ့တိုင် စကတ်ဝတ်ဆင်လို့ နေထိုင်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။

Ref:oddnews
Aung Kham ( ရိုးရာလေး )

No comments:

Post a Comment