Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 14, 2014

ကိုယ့်မိသားစုရဲ့ သဘောထားနဲ့ ကိုက်ညီတဲ့သူကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ်လို့ ဆိုတဲ့ ဟိန်းဝေယံ

ကြိုးစားမှုတွေရဲ့ ရလဒ်လို့ပဲ ဆိုရမလား။ ၇နှစ်ဆိုတဲ့ အတိုင်းအတာမှာ ပရိသတ်ရဲ့အားပေးမှုတွေနဲ့ လူသိများ ကျော်ကြားလာခဲ့သူကတော့ ဟိန်းဝေယံပါ။ နာမည်နဲ့လိုက်အောင် သူ့ရဲ့ အနုပညာနဲ့ သူရဲ့ရုပ်ပုံလွှာက ပရိသတ်တော်တော်များများရဲ့ အသည်းစွဲအားပေးမှုကို ခံရပါတယ်။ ပရိသတ်တွေ ချစ်ကြ အားပေးကြတဲ့ သရုပ်ဆောင်ဟိန်းဝေယံရဲ့ စိတ်ခံစားချက်ပို်င်းဆိုင်ရာ တစ်စုံတစ်ခုကို မေးမြန်းဖြစ်တဲ့အခါ ‘အခုရို်က်နေတဲ့ ကားလေးက နမိတ်စကားတဲ့။ မင်းသမီးက မချစ်သုဝေပေါ့။ ဒါရိုက်တာက ကိုသားကြီးပါ။ ကားလေးကတော့ အချစ်ကားလေးပါပဲ’လို့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုကို ဖွင့်ဟပါတယ်။
ဟိန်းဝေယံနဲ့ ပတ်သက်လို့ ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ အရာတွေထဲမှာ သူ့ရဲ့အချစ်ရေး၊ အိမ်ထောင်ရေးလည်း ပါဝင်နေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူက ‘ကျွန်တော်ရဲ့ မင်္ဂလာ သတင်းကတော့ အဝေးကြီးလိုပါသေးတယ်။ အခုချိန်ထိတော့ မရှိသေးပါဘူး။ အချစ်ဆိုတာကတော့ တစ်ခါတစ်လေမှာ အေးချမ်းမှုရှိသလို၊ တစ်ခါတစ်လေမှ ပူလောင်တယ်ပေါ့။ အချစ်ဆိုတာ အဓိက က တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိပြီးတော့ ချစ်တတ်ဖို့ပဲ လိုတယ်လို့မြင်ပါတယ်။ ရွေးချယ်ဖြစ်မယ်ဆိုရင် ကိုယ့်စိတ်တိုင်းကျပဲ ကိုယ်ရွေးချယ်ဖြစ်မှာပါ။ ဘယ်လိုပုံစံရှိမှ ယူမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကျွန်တော့်ကို တကယ်ချစ်မယ်။ သစ္စာလဲရှိမယ်။ အကျင့်စာရိတ္တလဲ ကောင်းမယ်ဆို ရပြီ။ ပြောလို့တော့ မရသေးဘူး။ ဖူးစာလဲပါဦးမှ ဆိုတော့လေ။  ဒါပေမဲ့ အိမ်ရဲ့သဘောထား၊ ကိုယ့်မိသားစုရဲ့ သဘောထားနဲ့လဲကိုက်ညီတဲ့သူ ဖြစ်ရမယ်။ အဓိကကတော့ ကိုယ့်စိတ်တိုင်းကျတဲ့သူ၊ ကိုယ်ချစ်တဲ့သူကိုပဲ ရွေးချယ်ဖြစ်မှာပါ’တဲ့။
ဘ၀မှာ အချစ်က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတယ်လို့ ဆိုလာတဲ့ ဟိန်းဝေယံက ချစ်သူများနေ့ကို ပုံမှန်အတိုင်း ဖြတ်သန်းသွားမယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ‘ဘ၀မှာတော့ အချစ်က အရေးပါတယ်လို့မြင်တယ်။ အချစ်မရှိပဲနဲ့ လဲဘ၀ကြီးကနဲနဲပျင်းခြောက်ခြောက်နို်င်မလားလို့လေ။ သမီးရည်းစားအချစ်တစ်ခုတည်းကိုပြောတာမဟုတ်ဘူး။ မိသားစုအချစ်လဲရှိမယ်။ ညီအစ်ကို မောင်နှမ အချစ်လဲရှိမယ်။ ဘာပဲပြောပြော အချစ်ဆိုတာ မရှိမဖြစ် လိုအပ်တယ်လို့တော့မြင်ပါတယ်။ ဒီနှစ်မှာ ချစ်သူများနေ့ကို ပုံမှန်ပဲ ဖြတ်သန်းဖြစ်မှာပါ။ ပရိသတ်တွေကတော့ လက်ဆောင်တွေပေးတယ်။ ကျွန်တော်ကလဲ တစ်ခါတစ်လေမှာ ကိုယ့်ပရိသတ်တွေကို လက်ဆောင်ပြန်ပေးတာမျိုးရှိတယ်။ ဒီနှစ်လည်း ပေးဖြစ်မှာပါ’လို့ သူက ပြောပါတယ်။
ဒီနှစ်အတွင်း မင်္ဂလာဆောင်ကြမယ့် အနုပညာရှင်တွေရဲ့မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီးတော့ သူက ‘ သူတို့နဲ့ ထပ်တူထပ်မျှကိုဝမ်းသာပါတယ်။ မင်္ဂလာဆောင်တယ် ဆိုတာ မင်္ဂလာရှိတဲ့ အလုပ်ကို လုပ်တာပဲလေ။ တကယ်ပဲ ပီတိဖြစ်မိပါတယ်ခင်ဗျ’တဲ့။
http://www.trend.com.mm/2014/01/14/yollywood-1560

No comments:

Post a Comment