Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 8, 2014
တစ်နှစ်အတွင်းပေါင် ၁၃၀လျှော့ချပစ်တဲ့လူးကပ်စ်
အမေရိကမှာအ၀လွန်တဲ့ပြဿနာကိုလူငယ်လူကြီးတော်တော်များများရင်ဆိုင်နေကြရပါတယ်။
တနေ့ တခြားတိုးလာတဲ့ခန္ဓာအလေးချိန်ကိုမထိန်းသိမ်းနိုင်တာကနေတချို့ ဆိုရင်တကိုယ်ရေလုပ်ဆောင် ရမယ့်လုပ်ငန်းဆောင်တာတွေကို ဘေးကလူတစ်ယောက်အကူအညီပါမှလုပ်ဆောင်နိုင်တဲ့အထိအ၀လွန်တဲ့ အခြေဆိုက် သွားကြရပါတယ်။
အသက် ၂၅နှစ်အရွယ်လူးကပ်စ် ဟာ ပေါင်၃၀၀ရှိတဲ့သူ့ ရဲ့ ခန္ဓာကိုယ်ကို တစ်နှစ်အတွင်းပေါင် ၁၃၀လျှော့ချပစ် လိုက်နိုင်ပါတယ်။
သူက မိဘတွေကို  ၀ိတ်ချပြီးခရစ္စမတ်လက်ဆောင်ပေးမယ်လို့ ဆုံးဖြတ်ပြီး ဒီအကြံအစည်ကို လျှို့ ဝှက်ထားခဲ့ပါတယ်။သူ ကမိဘအိမ်ကို နွေရာသီမှာတစ်ခေါက်၊ခရစ္စမတ်မှာတစ်ခေါက်ပြန်လေ့ရှိပါတယ်။ ဒီနှစ်နွေမှာတော့သူ့ အကြံအစည်အကောင်အထည်မပေါ်ခင်မိဘတွေမြင်မှာစိုးတဲ့လူးကပ်စ်ဟာ ဒီနှစ်နွေမှာ အိမ်ကိုပြန်မလာတော့ဘူးလို့ ခွင့်တောင်းလိုက်ပါတယ်။
 အိမ်ကိုပြန်မလာတဲ့ကာလအတွင်းမှာ ကိုယ်အလေးချိန်လျှော့ချဖို့ အတွက် တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ စနစ်တကျစားသောက်ခဲ့ပါတယ်။ သူ့ နေ့ စဉ်စားသောက်သမျှကို ဒိုင်ယာရီထဲမှာနေစဉ်ရေးမှတ်ခဲ့ပါတယ်။
ကျနော်တနေ့ ကို ကယ်လိုရီ ၁၃၅၀ပဲစားတယ်။ဘာလေ့ကျင့်ခန်းမှမလုပ်ခဲ့ပါဘူး။အစားအသောက် ဆင်ခြင်ပြီးတော့ပဲအလေးချိန်လျှော့ခဲ့တာပါ။ဒါကျနော့်အတွက်တော့ရုန်းကန်ရမှုတစ်ခုပါပဲ။ ၂၀၁၂ ဒီဇင်ဘာ ၂၈ရက်နေစလိုက်တာ တစ်နှစ်ကြာခဲ့ပါတယ်။
 သူ့ မိဘတွေနဲ့ ပြန်လည်တွေ့ ဆုံခန်းကို ဗီဒီယိုရိုက်ပြီးတင်ထားတာကြည့်ရှုသူပေါင်း ၆သိန်းကျော်ပါတယ်။
ဖခင်ဖြစ်သူက သားကကြည့်လို့ တော်တော်ကောင်းသွားတယ်။လှေကားပေါ်ကသူဆင်းလာတော့ကျနော် အံ့အားသင့်ပြီး မင်တက်သွားမိပါတယ်။
မိထွေးဖြစ်သူကတော့ ဒီအကြောင်းပြန်စဉ်းစားရင်ကျမမျက်ရည်တောင်ကျပါတယ်ရှင်။ သားအတွက်အရမ်း ကိုဂုဏ်ယူပါတယ် တဲ့။
the melting pot 4 U
No comments:
Post a Comment