Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

အစ်မဖြစ်သူ ရည်စားနဲ့ချိန်းတွေ့ရာကို အဖော်လိုက်သွားတဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်ဝင်းဒူးကျေးရွာတွင် အစ်မဖြစ်သူ သမီးရည်းစား ချိန်တွေ့ရာ အရပ်သို့ အဖော်အဖြစ် လိုက်ပါသွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရသည့်အတွက် ပုလဲမြို့မရဲစခန်းက ယခုလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်က အမှုရေးဖွင့် ဆောင်ရွက်ခဲ့ရကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကြောင်ဝင်းဒူးကျေးရွာနေ မ....ဆိုသူသည် သူမ၏ ရည်စားဖြစ်သူ မောင်... ဆိုသူနှင့် ချိန်ဆိုတွေ့ရန် ယခုလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ရွာ၏အရှေ့ဘက် တစ်ဖာလုံခန့်ရှိ ရွာဦးညောင်ပင်ကြီးရှိရာသို့ သွားရောက်ခဲ့ရာတွင် ညီ မဖြစ်သူ မ....အသက်( ၁၈)နှစ် အား အဖော်လိုက်ပါခဲ့ရန် ခေါ်ဆောင်ခဲ့သဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်။

ထို့နောက် အစ်မဖြစ်သူ မ....မှာ သူ၏ ရည်စားဖြစ်သူနှင့် ညောင်ပင်ကြီးအောက်တွင် ချိန်းဆိုတွေ့နေသည့်အတွက် ရွာသို့ တစ်ယောက်တည်းပြန်လာခဲ့ရာ ဦးရဲကြီး ယာခင်းတော ကုက္ကိုပင်အောက် နေရာအရောက်တွင် တစ်ရွာတည်းနေ မောင် ... အသက်( ၂၇)နှစ်ဆိုသူမှ သူမအား အဝေရာတောအတွင်းသို့ ခေါ်ဆောင်ကာ အလိုမတူဘဲ နာရီဝက်ခန့်ကြာမျှ သားမယားအဖြစ် အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည့်အတွက် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တိုင်တန်းချက်အား ပုလဲမြို့မရဲစခန်းက(ပ) ၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

Credit  : thithtoolwin

No comments:

Post a Comment