Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

မြေမြိုနေတဲ့ အရပ်

“ဒီနယ်တကျောက တရုတ်တွေ ချည်းပဲလေ။ သူတို့က မြေကို ၀ယ်လိုက်တယ်။ ပြီးတော့မှ မြေကြီးကို တူးဖြို ပြီး ကျောက်ထုတ်တာ။ ပြီးတော့ သူတို့ ကျောက်ထုတ်စခန်းက သဲတွေက ကျမတို့အိမ်ကို လာဖုံးတာပေါ့။ အိမ်တွေဆိုလည်း မြုပ်ရင် ပြန်မြှင့်လိုက်၊ နောက်တနှစ်ဆို ပြန်မြှင့်လိုက်နဲ့ ခေါင်ရောက်တော့မယ်။ နဂိုက အိမ်မြင့်မြင့်တွေက သဲဖုံးလာတော့ အိမ်ပုလေးတွေ ဖြစ်ကုန်ရော” တဲ့ ။



 ကျောက်ထုတ်လုပ်ငန်းမှ ထုတ်လိုက်သော သဲနှင့်ရွံ့ရေများကြောင့် နေအိမ်ပျက်စီးမှုများ ကြုံတွေ့နေရသည့် သဲချောင်းရွာ (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

မြေမြိုနေသော ဒေသ ဆိုတဲ့ သတင်းဆောင်းပါး အတွက် ဧရာဝတီသတင်းထောက် ဆလိုင်း သန့်စင် ဘယ်လို ကြိုးစားခဲ့ရသလဲ ဆိုတာ စာဖတ်ပရိသတ် သိစေလိုပါတယ်။ 

"ဒီသတင်းရဖို့ကို အဲဒီဒေသကို မော်တော်နဲ့သွားရတော့ မော်တော်ပေါ်မှာ ချမ်းချမ်းစီးစီးနဲ့ အိပ်ခဲ့ရတယ်။ သတင်းယူဖို့ အချိန် ၃ နာရီပဲရလို့ အပြေးအလွှားဓာတ်ပုံရိုက်၊ အင်တာဗျူးတွေလုပ်ခဲ့ရတယ်။ 

အပြန်ကျတော့ မော်တော်ဘေးက လေကာတဲ့မိုးကာစက ဘယ်လိုမှ သုံးလို့မရတာနဲ့ လေတဖြူဖြူး တိုက်နေ တဲ့ကြားက ငုတ်တုတ်ထိုင်ရင်း မိုးလင်းခဲ့ရတယ်။ ၂ ညနဲ့ ၁ ရက် အပင်ပန်းခံပြီးယူခဲ့ရတဲ့ သတင်း ဖြစ်ပါတယ်။

ပြီးတော့ ဒီသတင်းစာဖတ်သူဆီရောက်ဖို့ ကျနော့် မိတ်ဆွေတချို့ရဲ့ ခင်မင်ရင်းနှီးမှုတွေကို လည်း ပေးဆပ်
မြှုပ်နှံခဲ့ရတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ ဘာတွေပဲ ပေးဆပ်ရပါစေ ပြည်သူတွေအတွက် အကျိုးရှိတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ 

မိတ်ဆွေများ ကျနော်ရေးထားတဲ့ဆောင်းပါးလေးကို ဖတ်ရှုဝေဖန်ပေးကြပါဦး.. " တဲ့ ။ သတင်းထောက် ဆလိုင်း သန့်စင် က အဲဒီလို သူ့ဖေ့စ်ဘုတ်က တဆင့် ပြောထားပါတယ်။


ပက်ကြားအက်နေပြီး အပင်များသေဆုံးကုန်သည့် မှော်ဘီကျေးရွာ ကျောက်ထုတ် လုပ်ကွက်ဟောင်း တခု

သူရေးထားတဲ့ မြေမြိုနေတဲ့ ဒေသ ဆိုတာ ဧရာဝတီတိုင်းအတွင်းက ငပုတောမြို့နယ်ထဲက မှော်ဘီ 
ကျေးရွာပါဘဲ။ 

ဘာကြောင့် မြေမြို ရသလဲ၊ မြေမြိုခံနေရတဲ့ ဒေသခံတွေ ဘယ်လိုတွေ ခံစားနေရသလဲ ဆိုတာ ဧရာဝတီ 
မြန်မာပိုင်း စာမျက်နှာ ပေါ်က ဆလိုင်း သန့်စင် ရေးသား တင်ပြထားတဲ့ မြေမြိုနေသော ဒေသ http://burma.irrawaddy.org/article/2014/01/08/53115.html ဆိုတဲ့ ဆောင်းပါး ကို ဖတ်ကြည့်လိုက်ပါ။ 

ကျောက်ထုတ်လုပ်ငန်းမှ ထုတ်လိုက်သော သဲနှင့်ရွံ့ရေများကြောင့် နေအိမ်ပျက်စီးမှုများ ကြုံတွေ့နေရသည့် သဲချောင်းရွာ

 မှော်ဘီကျေးရွာရှိ ကျောက်ထုတ်လုပ်ငန်းခွင်မှ ထော်လာဂျီတစင်း

 သဲနှင့်ရွံ့မြေပါသည့် ရေများစွန့်ထုတ်မှုကြောင့် ပျက်စီးသွားသော မှော်ဘီချောင်း


 ကျောက်ထုတ်လုပ်ငန်းမှ ထုတ်လိုက်သော သဲနှင့်ရွံ့ရေများကြောင့် နေအိမ်ပျက်စီးမှုများ ကြုံတွေ့နေရ သည့် သဲချောင်းရွာ

No comments:

Post a Comment