Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 18, 2014

မြစ်ဆုံ စီမံကိန်း ပြဿနာများ အုပ်ချုပ်ရေးပိုင်းကသာ တာဝန်ယူ ဖြေရှင်း သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်ဆို


Saturday, January 18, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဟုဆိုကာ ၎င်း၏အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ စီမံကိန်း၏ ပြဿနာများနှင့် ကိစ္စအရပ်ရပ်ကို အုပ်ချုပ်ရေးပိုင်းကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းက ပြောကြားသည်။

ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့လာသော မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေကြမ်းကို ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ဝင်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အုပ်ချုပ်ရေးပိုင်းက တာဝန်ယူ တာဝန်ခံပြီး ဖြေရှင်းရပါမယ်” ဟု ဗိုလ်မှူးဇင်လင်းက ဆိုသည်။

အဆိုပါ မြစ်ဆုံ စီမံကိန်းနှင့် လက်ပံတောင်းတောင် စီမံကိန်း ဆက်လုပ်နိုင်ခြေ ရှိ မရှိနှင့် မူလချုပ်ဆိုထားသော သဘောတူညီချက်များကို လွှတ်တော်သို့ တင်ပြပေးမည် ဖြစ်ကြောင်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုထားသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး နှစ်ဖက် သဘောတူလက်မှတ် ထိုးထားသော တပ်မတော် အစိုးရအနေနှင့် တာဝန်အပြည့်ရှိပြီး တာဝန်ခံ ဖြေရှင်းပေးရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ပထမပတ်အတွင်းက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment