- 12 December 2013 |
- By Health Digest
ဆားကို
ကန့်သတ် စားသုံးခြင်းက သင့်သွေးပေါင်ချိန်ကို ထိန်းနိုင်၊ မနိုင်ဆိုတာက
သင့်တစ်ဦး ချင်းစီရဲ့ ဇီဝဗေဒ သဘောတုံ့ပြန် မှုပေါ် မူတည် ပါတယ်။ သို့ပေမယ့်
သင့်မှာ သွေးတိုး မရှိသည့်တိုင် ဆားလျှော့ စားခြင်းက အကျိုးရှိ ပါတယ်။ဘာကြောင့်ဆိုတော့ ဆားထဲမှာ ဆိုဒီယမ် (ဆား = ဆိုဒီယမ် ကလိုရိုဒ်)က သွေးပေါင်ချိန် မြင့်တက်တဲ့ နည်းလမ်းနှင့် မဟုတ်ဘဲ အခြားနည်းလမ်း များနှင့် ဦးနှောက် သွေးကြောများ ထိခိုက်ပျက်စီး မှုနှင့် လေဖြတ်ခြင်းကို အားပေး ပါတယ်လို့ မင်နီဆိုဒါ တက္ကသိုလ် သွေးတိုးရောဂါ ဌာန အကြီးအကဲ Dr.louis Tobian က ဆိုပါတယ်။
သင့်မှာ သွေးတိုး အပြင် ကျောက်ကပ် ဒါမှမဟုတ် နှလုံး ပြဿနာများ ရှိနေရင်တော့ ဆားကို သေချာပေါက် လျှော့စား သင့်ပါတယ် လို့ Dr.louis Tobian က သတိပေးလိုက် ပါတယ်။

No comments:
Post a Comment