Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 31, 2013

နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တရားစွဲဆိုခံရသူ ၁၂၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု


Wednesday, January 1, 2014

နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တရားစွဲဆို ခံထားရသူ ၁၂၀ ကျော်ကို ဒီဇင်ဘာ ၃၁ ရက်တွင် လွှတ်ပေး လိုက်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သော နိုင်ငံရေး အကျဉ်းသားများတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈၊ မတရားအသင်းနှင့် ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အကျဉ်းကျခံရသူ အများဆုံး ပါဝင်ပြီး ပအိုဝ့် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO မှ တစ်သက် တစ်ကျွန်း ကျခံသူနှစ်ဦး ပါဝင်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) အပါအဝင် နိုင်ငံရေးပုဒ်မ (၇) ခုနှင့် ပတ်သက်ပြီး အချုပ်ကျပြီး တရားစွဲဆိုခံနေရသူ ၁၂၅ ဦးကို လွှတ်ပေးလိုက်ပြီး အဆိုပါ အမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်းကို ပိတ်သိမ်းလိုက်ကြောင်း ၎င်းကပြောကြားသည်။
“အားလုံးကို ကျခံနေတဲ့ အမှုတွေ အားလုံးကို လျှော့ပေါ့ ပေးလိုက်တဲ့သဘော ပါ” ဟု ၎င်းကဆိုသည်။

လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှ နိုင်ငံရေး အကျဉ်းသား ၃၅ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် တင်ပြခဲ့ရာ ခြောက်ဦးသာ လွတ်မြောက်ခဲ့ကြောင်း၊ ကျန်နေသူများမှာ နိုင်ငံရေးအမှုများ အားလုံးကို လျှော့ပေါ့ ပေးသော်လည်း အခြားအမှု များကြောင့် အကျဉ်းထောင်များအတွင်း ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။

၎င်းအပြင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်တွင်မပါဝင်သော လယ်ယာမြေမှုများ၊ ပုံနှိပ် အက်ဥပဒေများနှင့် တရားစွဲဆိုခြင်း ခံထားရသူ ၇၀ ကျော် ကျန်ရှိကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ဝင် ဦးသက်ဦးက ပြောကြားသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သော အမှုများတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၊ အများပြည်သူအကျိုး ပျက်စီးစေမှု ၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်မှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများနှင့် ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေများ ပါဝင်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဒီဇင်ဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment