Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 31, 2013

လှည်းကူးမြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၃၀.၁၂.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် လှည်းကူးမြို့နယ်၊ ဖောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဂုံမင်းလျှိုကျေးရွာအပိုင်၊ သစ်နီပင်တောစခန်း အနီးရှိ ၀ါးတစ်လက်ချောင်းစပ်တွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သစ်နီပင်တောစခန်းနေ ကရင်(ခ)မြင့်ဇော်၊ (၅၁)နှစ်၊(ဘ)ဦးအေးမောင်မှာ ယာဂုတ်ပိုးပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ချိုစောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ၃၀.၁၂.၂၀၁၃ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် သေဆုံးသူ ကရင်(ခ)မြင့်ဇော်သည် အရက်မူးပြီး ချောင်းအတွင်းရေချိုးနေသော ဇနီးဖြစ်သူမသန်းသန်းမြင့်အား ဆဲဆိုကြိမ်းမောင်းကာ တောခုတ်ဓါးဖြင့်လိုက်လံခုတ်စဉ် ဇနီးဖြစ်သူ မသန်းသန်းမြင့်မှာ သားဖြစ်သူအောင်ဆန်းဦး(သေဆုံးသူ၏မယားပါသား) ထံထွက်ပြေးသွားခဲ့ကြောင်း၊ ပထွေးဖြစ်သည့် သေဆုံးသူမှ အောင်ဆန်းဦးအား မိခင်ဖြစ်သူမသန်းသန်းမြင့်နှင့် ပေးစားဆဲဆိုခြင်းများ ပြုလုပ်ခဲ့၍ အောင်ဆန်းဦးနှင့်ထပ်မံစကားများကြကာ လုံးထွေးသတ်ပုတ်
ခဲ့ကြကြောင်း၊ ထိုသို့အခင်းဖြစ်ပွါးစဉ်သေဆုံးသူကိုင်ဆောင်ထားသော ဓါးအား အောင်ဆန်းဦးမှလုယူပြီး ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အောင်ဆန်းဦးအား ဖောင်ကြီးနယ်မြေရဲစခန်း (ပ)၁၃၃/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment