Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 30, 2013

ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (နန်းခင်ထွေးမြင့်)



(ဒေါ်နန်းခင်ထွေးမြင့်သည် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်သည်။)

၂၀၁၃ ထဲမှာ အကဲဆတ်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ကြတာ ရှိတယ်။ နှစ်ပေါင်းများစွာ ကျမတို့က လူ့အခွင့်အရေးအတွက် တိုက်ခဲ့ကြတာပါ၊ အခု ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြောတဲ့အခါကျတော့ ဒီလို ပြောရကောင်းလားဆိုပြီး သူ့အပေါ် အမြင်တွေ မကြည်လင်ကြဘူး။ ဒါပေမယ့် ကျမတို့ခေါင်းဆောင်ရဲ့ ဦးဆောင်မှုက မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ် ရွေးကောက်ပွဲဝင်တဲ့ကာလတုန်းကဆိုရင် အတော်များများက ဘယ်လိုမြင်လာကြလဲဆိုရင် ဒီစစ်အစိုးရနဲ အရမ်းပြေလည်အောင်ပေါင်းတယ်၊ ပူးပေါင်းသွားပြီပေါ့နော်၊ ဒါ အပြင်ကပြောတာကို ကျမက တဆင့်ပြန်ပြောတာ၊ ခံစားပြီးပြောတာ။ အတူတူပေါင်းစည်းလုပ်နေကြတယ်လို့ မြင်ကြတယ်၊ ပြေလည်နေကြပြန်တော့လည်း သူတို့တွေ ပြေလည်နေကြပြန်ပြီလို့ မြင်ကြတယ်။ အများအမြင်က မှန်ပါတယ်၊ ကျမတို့က သဘောဆန္ဒတူတဲ့ဟာတွေကို နဂိုကတည်းက အတူတူ ပေါင်းစည်းပြီး လုပ်မယ်လို့ ပြောထားပြီးသား။ ကျမတို့က ဒီလိုရင်ကြားစေ့ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြတာလေ။

အတိုက်ခံပါတီတစ်ခုအနေနဲ့ ကျမတို့ရပ်တည်ချက်အကြောင်း ပြောရရင် ဘယ်လောက်ပဲရင်ကြားစေ့စေ့ အခုတော့ပြောသင့်တဲ့အချိန်ရောက်လာပြီလေ။ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့သင့်တာတွေ၊ တပ်မတော်ရဲ့ကိစ္စတွေကို သူ ပွင့်ပွင့်လင်းလင်းပြောလာပြီ။ အဲဒီလို လုပ်တာကို ပူပင်နေကြတာတွေ၊ ဝေဖန်နေကြတာတွေ အမျိုးမျိုး ရှိပါတယ်။ ကျမတို့က ကျမတို့ခေါင်းဆောင်ကို ယုံလည်း ယုံကြည်တယ်၊ စိတ်လည်းစိတ်ချတယ်၊ သူဟာ မှန်မှန်ကန်ကန် ဦးဆောင်မှုကို ပေးနိုင်သူပါ။ ၂၀၁၃ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေဟာ အောင်မြင်တယ်လို့ပဲ ပြောရပါမယ်။

Credit: Moemaka

No comments:

Post a Comment