Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 12, 2013

အစိုဓာတ်ပါသော ဆန်များကြောင့် မန္တလေး ဆန်ကုန်သည်များ အရှုံးပေါ်

မန္တလေး၊ ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီးမှ မန္တလေးမြို့တော် ဆန်ဈေးကွက် အတွင်းသို့ ဝင်ရောက်လာသည့် ဆန်ကြမ်းများတွင် အစိုဓာတ် ပါဝင်မှုများသဖြင့် မန္တလေးသို့ အရောက်တွင် မှိုတက် နေသောကြောင့် ဈေးလျှော့ရောင်းရာ ဆန်ကုန်သည်များ အရှုံးပေါ်နေကြောင်း မန္တလေးမြို့တော် အခြေစိုက် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များကို ရေလမ်းနှင့် ကုန်းလမ်း နှစ်မျိုးဖြင့် သယ်ယူရာတွင် အချိန်ကြာသဖြင့် ဆန်အစိုဓာတ်များကြောင့် မှိုတက်ကာ မုန့်နှင့် အရက်ချက်သူများထံ တစ်အိတ်လျှင် ပေါက်ဈေးအောက် ကျပ်တစ်ထောင်ခန့် လျှော့ဈေးဖြင့် ရောင်းချရကြောင်း ယင်း ဆန်ကုန်သည်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ မန္တလေးမြို့တော်သို့ ဆန်ကြမ်း အမျိုးအစားများနှင့် ပေါ်ဆန်းမွှေးဆန်များ ဝင်ရောက်လျက် ရှိပြီး အစိုဓာတ် ပါသဖြင့် ဆန်များ ပျက်စီးမှု ရှိနေခြင်း ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းမှာ ဆန်အရည်အသွေးပေါ် မူတည်ကာ ဆန်ကြမ်း တစ်အိတ်လျှင် ၁၄,၅၀၀ မှ ၁၆,၅၀၀ ကျပ် ထိ ရှိကြောင်း အဆိုပါ ဆန်ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မူဆယ် နယ်စပ်မှတစ်ဆင့် ဆန်သစ် အဝင်များနေသဖြင့် နယ်စပ်ဆန်ဈေး ငြိမ်လျက်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်အတွင်း တရုတ်သို့ ဆန်တင်ပို့မှု နည်းနေသေးကြောင်း မန္တလေး ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က ပြောကြားသည်။
“မန္တလေးကို ဆန်အသစ်ဝင်သမျှ ၉၉ ရာခိုင်နှုန်းကျော်က တရုတ်ကိုပဲ သွားနေတာ” ဟု မန္တလေးမြို့တော် အခြေစိုက် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးစိုင်းကျော်က ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဒေသထွက် ပေါ်ဆန်းမွှေးဆန်များ ဒီဇင်ဘာ လကုန်ပိုင်းခန့်တွင် မန္တလေး ဆန်ဈေးကွက် အတွင်းသို့ စတင်ဝင်ရောက်နိုင်ကြောင်း အဆိုပါ မြို့တော်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။

No comments:

Post a Comment