ကယား ပြည်နယ်တွင် ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့အစည်း များ
သတ္တုတူးဖော်ရန်အတွက် နေရာတောင်းခံထားကြောင်း ကယားပြည်နယ် သစ်တောနှင့်
သတ္တုဝန်ကြီး ဦးရဲဝင်းက ပြော ကြားလိုက် သည်။ ကယားပြည်နယ်တွင်း ငြိမ်း
ချမ်းရေးယူထားသော အဖွဲ့ခြောက် ဖွဲ့တွင် အဖွဲ့ငါးဖွဲ့မှာ သတ္တုတူးဖော်
ရန်လျှောက်ထားလာကြောင်း သစ် တောနှင့် သတ္တုဝန်ကြီးရုံးမှ သိရ သည်။
ဦးရဲဝင်းက ''သူတို့တွေက သတ္တုတူးဖော်ဖို့ လာရောက်ပြီး လျှောက်ထားတာတွေ
ရှိပါတယ်။ တချို့ကတော့ ထုတ်လုပ်ခွင့်ကျ နေပါပြီ။ တချို့ကတော့လျှောက်
ထားဆဲပဲရှိနေပါသေးတယ်။ ခွင့် ပြုတာ မပြုတာကတော့ ပြည် ထောင်စုအစိုးရနဲ့ပဲ
ဆိုင်ပါ တယ်'' ဟု ပြောသည်။ ကယားပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကယားပြည်နယ်
တွင် အကြီးစားလုပ်ကွက်များ လာ ရောက်လျှောက်ထားသော်လည်း
အကြီးစားလုပ်ကွက်များကို မည် သူ့ကိုမျှခွင့်ပြုမည်မဟုတ်ဘဲ ၄၉ ဒသမ၅ဧကကိုသာ
ခွင့်ပြု သွား မည် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရက သဘောတူခွင့်ပြုထားကြောင်း
သိရသည်။
ဦးရဲဝင်းက ''တချို့လက် နက်ကိုင်အဖွဲ့အစည်းတွေကတော့
တူးဖော်ထုတ်လုပ်နေတာတွေ ရှိ ပါတယ်။ သူတို့က လက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့
မဟုတ်ဘဲ ကုမ္ပဏီအနေနဲ့ လျှောက်ထား ကြတာပါ''ဟု ပြောသည်။ ကယားပြည်နယ်တစ်ခုလုံး
တွင် ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက် စိမ်းနှင့် သံရိုင်းအများအပြားထွက်
ရှိပြီး KNPP/KNLP/KNSO အပါအဝင် ခြောက်ဖွဲ့ရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက
''ကယား ပြည် နယ် က စိုက်ပျိုးရေးလဲ မ ကောင်းပါဘူး။ သဘာဝသယံဇာ တတွေကိုပဲ
အဓိကအားထားရ မှာပါ။ အခုလိုနီးစပ်ရာတွေကို ပေးလိုက်တဲ့အတွက် ဒေသခံတွေ အတွက်
မကောင်းပါဘူး။ နောက် ပြီး ပတ်ဝန်းကျင်ပျက်စီးမှု ပိုပြီး များပါတယ်။
ပတ်ဝန်းကျင်ကိုအ လေးထားတာမရှိပါဘူး။ ဘယ် သူ့ကိုပဲပေးပေး နိုင်ငံတကာစံချိန်
စံညွှန်းနဲ့အညီပေးပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ လုပ်ကိုင်ခွင့်
ပေးသင့်ပါတယ်''ဟု ပြောသည်။ ကယားပြည်နယ်တွင် လက် နက်ကိုင် အဖွဲ့အစည်း များ
အပြင် အကြီးစား၊ အသေးစားလုပ်ငန်း များ လုပ်ကိုင်ရန် လာရောက်
လျှောက်ထားသောကုမ္ပဏီ ၃၀ နီးပါးရှိကြောင်း သိရသည်။
အောင်အောင်
The Yangon Times
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 8, 2013
ကယားပြည်နယ်တွင် ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင်အဖွဲ့များ သတ္တုတူးဖော်ရန် နေရာတောင်း
ကယားပြည်နယ်တွင် ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင်အဖွဲ့များ သတ္တုတူးဖော်ရန် နေရာတောင်း
Reviewed by VC
on
December 08, 2013
Rating: 5
Reviewed by VC
on
December 08, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment