- 16 December 2013 |
- By Good Health
ကင်ဆာကုသမှု
ခံယူနေတာ ကြောင့် လွယ်လွယ်ကူကူ မောပန်းနိုင် ပါတယ်။ ဒါကြောင့်
ပုံမှန်လူတွေထက် ပိုပြီး အိပ်စက်ဖို့နဲ့ အနားယူဖို့ လိုအပ်ပါတယ်။
ကင်ဆာကုထုံးကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်တာ၊ စိုးရိမ်စိတ်များတာ၊ စိတ်
ဓာတ်ကျတာ၊ ညဘက်ချွေးထွက် တာလို မျိုး ဆိုးကျိုးတွေကြောင့် အိပ်စက်မှု
အကျင့်ကို ပြောင်းလဲစေ တတ်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ပေးပါ။- အိပ်ရာမှ နိုးထလာခဲ့ရင် ပန်းခြံထဲ လမ်းလျှောက်တာ၊ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်တာနဲ့ ယောဂလုပ် တာလိုမျိုး လေ့ကျင့် ခန်းတချို့လုပ်ပေးပါ။
- သင် အိပ်ရာဝင်ချိန်မှာ သင့်အိပ်ခန်းကို ဆိတ်ငြိမ်မှုရှိပြီး သက်သောင့်သက်သာ ရှိအောင် အတတ်နိုင်ဆုံးပြု လုပ်ထားပါ။
- အိပ်ရာမဝင်ခင်မှာ နွားနို့၊ ပျားရည် ဒါမှ မဟုတ် ဘီစကွတ်လိုမျိုး ကဖင်းမပါတဲ့ အစာတွေ စားပေးပါ။
- အိပ်ရာမဝင်ခင်မှာ ခြေထောက်တွေကို အသာအယာ အနှိပ်ခံပါ။
- နာကျင်တာကြောင့် သင်အိပ်ရာမှ နိုးထစေခဲ့ရင် သင့်ဆရာဝန်ကို အကိုက် အခဲပျောက်ဆေး ဒါမှမဟုတ် အိပ်ဆေး ပေးဖို့ တောင်းဆိုပါ။
No comments:
Post a Comment