Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 30, 2013

Thank You ဆိုတဲ့ စကားထက် ကောင်းတဲ့ စကားရှိရင် ပရိသတ်ကို ပြောချင်ပါတယ် စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်က ဘန်နီဖြိုး ရဲ့ လူပျိုလှည့်တေးကို သူ့ရဲ့ Franzo Production ကနေ Co-producer အနေနဲ့ ထုတ်ပေး မှာဖြစ်ပါ တယ်။ ဘန်နီဖြိုးရဲ့ လူပျိုလှည့်တေး စာနယ်ဇင်း မိတ်ဆက်ပွဲနေ့က သူက ဘန်နီဖြိုးကို တေးရေး၊ တေးဆို အပြင် သူ့ရဲ့စီးရီး Cover Design တွေကအစ ကိုယ်တိုင် လုပ်တာမို့ တကယ်တော်တဲ့ အဆိုတော် တစ်ယောက် ပါလို့ သူကချီးမွမ်း စကားပြောခဲ့ပါ တယ်။ တကယ်တော့ လည်းသူကိုယ် တိုင်ကမော်ဒယ် သရုပ်ဆောင်၊ တေး ရေး၊ တေးဆို၊ စာရေးဆရာစတဲ့ အောင်မြင်မှု များစွာကို ပိုင်ဆိုင်ထား နိုင်ခဲ့သူပါ။ သူနဲ့ ခဏတာတွေ့ဆုံ ခိုက်
Q. စိုင်းစိုင်း Franzo ကနေ တခြားအဆိုတော်တွေရဲ့ အခွေတွေ ထုတ်တဲ့အခါ ဘာကိုအဓိကထားပြီး ထုတ်လဲ။ ခင်မင်မှုကြောင့်လား၊ သီ ချင်းကြောင့်လား။
A. အဓိက ကျွန်တော်ကြိုက် ရင်ထုတ်တယ်။ အကြမ်းဖျင်းက တော့ ကျွန်တော်ကလည်း ဂီတရဲ့ ပရိသတ်ဖြစ်တဲ့အတွက် သူတို့ဖန်တီး လိုက်တဲ့ သီချင်းတွေကို ကျွန်တော် ကြိုက်တယ်။ ကိုယ်တိုင်လည်း နား ထောင်ချင်သလို ပရိသတ်ကိုလည်း နားထောင်စေချင်တယ်။ နောက် တစ်ခုကလူငယ်တွေတောက်လျှောက် လှမ်းတဲ့ သူတို့ရဲ့လမ်းကြောင်းခံယူ ချက်မှာ ကျွန်တော်နဲ့ခံယူချက်ခြင်း သိပ်မကွဲပြားဘူးဆိုရင် လက်တွဲဖြစ် တယ်။ ရံဖန်ရံခါမှာတော့ တချို့အနု ပညာကိုတော့ ကျွန်တော်အရမ်း ကြိုက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ခံယူ ချက်က ကျွန်တော်နဲ့သွားချင်တဲ့ လမ်းကြောင်းမတူဘူးဆိုရင်တော့ အလုပ်တွဲလုပ်ဖို့တော့ ခက်တာပေါ့။ ကိုယ်နဲ့ခံယူချက်ခြင်းလည်းတူ၊ သွား ချင်တဲ့လမ်းကြောင်းပုံစံလည်း တူ တယ်။ ပြီးတော့ အဲဒီအချိန်မှာကိုယ် လည်းတတ်နိုင်တယ်ဆိုရင်တော့ ပူး ပေါင်းအားထုတ်လိုက်တာပေါ့ဗျာ။
Q. ဘန်နီဖြိုးအခွေထဲက ဘယ် တော့များမှ နီးရမှာလဲဆိုတာ ဘယ် သူ့ကိုရည်ရွယ်ပြီး ရေးထားတာလဲ။
A. ဘယ်သူ့ကိုမှ မရည်ရွယ်ပါ ဘူး။ လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကတည်း က ကျွန်တော်ကိုယ်တိုင်ဆိုဖို့ ရေး ထားတဲ့သီချင်းပါ။ ဒါပေမဲ့ ဘန်နီနဲ့ သီရိဆွေဆိုလိုက်တဲ့အခါ ကျွန်တော် ဆိုတာထက်ပိုကောင်းနေတဲ့အတွက် ကျွန်တော် ဘယ်လိုမှမတတ်နိုင်ပါ ဘူး။ နှမျောစွာနဲ့ပဲ ပေးလိုက်ရပါ တယ်။
Q. သူငယ်ချင်းတွေမင်္ဂလာ ဆောင်မှာ ဘာတွေကူညီပေးဖြစ်ဦး မလဲ။
A. ဘယ်လိုမှတော့ မကူညီပါ ဘူး။ သူတို့ဖိတ်တဲ့ပွဲတွေကို လိုက် စားမှာပေါ့ဗျာ။
Q. သတို့သားအရန်လုပ်ဦးမှာ လား။
A. သတို့သားအရန်လည်းမ လုပ်ပါဘူး။
Q. Pee Mark မင်းသမီးနဲ့ ရိုက်မယ်ဆိုတာ သေချာပါပြီလား။
A. မသေချာသေးပါဘူး။ ရိုက် ဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ ရိုက် ဖြစ်မှပဲ ကျွန်တော်အဲဒီသတင်းကို ပြောချင်ပါတယ်။
Q. ဒီနှစ်မှာ စိုင်းစိုင်း Brand Ambassador အဖြစ်အများကြီးပဲ လက်ခံဖြစ်တယ်နော်။
A. Brand Ambassador ဆို တာက ခုခေတ်စားလာတဲ့စကားလုံး ဖြစ်ပါတယ်။ ခါတိုင်း နှစ်တွေက လည်း ကျွန်တော်တို့ ကြော်ငြာတွေ ရိုက်ပါတယ်။ ဒီနှစ်မှာတော့ ကြော် ငြာရိုက်တဲ့အခါမှာ ကြော်ငြာမှာအ သုံးပြုတဲ့ Model ကို Brand Ambassador ဆိုတဲ့စကားလုံးက အနည်းငယ် ဖောင်းပွလာပါတယ်။ ကျွန်တော်ရဲ့ နဂိုကတည်းကမူက တော့ များသောအားဖြင့် ကျွန်တော် တစ်နှစ်အတွင်းမှာ အမျိုးအစားတူ ကုန်ပစ္စည်းနှစ်မျိုးကို ကြော်ငြာလေ့မ ရှိပါဘူး။
Q. ဆယ်စုနှစ်တစ်ခုကျော်ထိ အောင်မြင်မှုထိန်းသိမ်းလာနိုင်တာ ဘာကြောင့်လို့ထင်လဲ။
A. ဟုတ်လို့လား။ ကျွန်တော့် ကိုယ် ကျွန်တော်တော့ မနှစ်တစ်နှစ် ကမှတောင်ကြီးကဆင်းလာပြီး လူ တွေလက်ခံလာတာလို့နားလည်ထား တုန်းပဲရှိသေးတယ်။ ကျွန်တော်ရေး တဲ့သီချင်း ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်လမ်းတွေကိုတော့ တစ်နှစ်နဲ့ တစ်နှစ်မတူအောင်တော့ အားထုတ် ဖြစ်တယ်။ ဒါတွေကပဲ ကျွန်တော့်ရဲ့ ရင်ခုန်မှုတွေဖြစ်တယ်။
Q. ဝတ္ထုဇာတ်လမ်းရော မရေး တော့ဘူးလား။
A. ဝတ္ထုဇာတ်လမ်းတိုင်းရေးရ လောက်အောင်တော့ ကျွန်တော် အချိန်မဖြစ်နိုင်သေးပါဘူး။ ဝတ္ထု ရေးဆရာတစ်ယောက်ဖြစ်ဖို့ ကျွန် တော်အချိန်အများကြီးလိုသလို skill လည်း အများကြီးလို ပါသေးတယ်။
Q. ဒီနှစ်တောင်ကြီးပြန်တဲ့ Feeling ကရော
A. ဒီနှစ်တောင်ကြီးပြန်တဲ့ Feeling ကတော့ ဘယ်နှစ်နဲ့မှ မတူ ပါဘူး။ ကျောင်းမှာ အာစရိယပူ ဇော်ပွဲလုပ်တယ်ဆိုတော့ ငယ်သူ ငယ်ချင်းဟောင်းတွေအများကြီးတွေ့ ရသလို ဆရာ၊ ဆရာမတွေလည်း အများကြီးတွေ့ရတယ်။ ကျွန်တော့် အတွက် မမေ့နိုင်တဲ့အချိန်လေးပါပဲ။
Q. ဒိတ်ဒိတ်ကြဲ VCD ဘယ် တော့လောက်ထွက်ဖြစ်မလဲ။
A. ဒီဇင်ဘာ ၂၉ ကတော့ မမီ နိုင်တော့ဘူးထင်ပါတယ်။ ဒီဇင်ဘာ မထွက်နိုင်ရင် ဖေဖေါ်ဝါရီမှ ထွက် ဖြစ်တော့မယ်။
Q. ဖက်ရှင်ရဲ့ Idea တွေ အမြဲ လန်းနေတာဘာကြောင့်လဲ။
A. ကျွန်တော်တစ်ယောက် တည်းထူးပြီးတော့ ဆန်းသစ်အောင် တော့ ကျွန်တော်မကြိုးစားနေပါဘူး။ ကျွန်တော်က ဒီကမ္ဘာမြေမှာ နေထိုင် တဲ့ လူတစ်ယောက်ပီပီ ဒီကမ္ဘာလုံးရဲ့ ရေစီးကြောင်းထဲမှာ ကိုယ်အဆင် ပြေသလိုလိုက်နေထိုင်တာပါ။ ကမ္ဘာ မှာ ဒီဖက်ရှင်ခေတ်စားလာတယ် ကိုယ်ကြိုက်တယ်ဆို ဝတ်လိုက်တာ ပဲ။ ကမ္ဘာမှာ ဒီဟန်ပန်မူရာခေတ် စားတယ်။ ကိုယ်လည်း အားကျ တယ်။ ကိုယ်နဲ့လည်းလိုက်တယ်ဆို အများနည်းတူလိုက်ပါစီးမျောလိုက် တာပဲ။ ငါသည် ဖက်ရှင်မှာ တစ် ကမ္ဘာလုံးနဲ့ ရှေ့ပြေးနေရမယ်ဆိုတဲ့ စိတ်မျိုးတော့မရှိဘူး။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ခေတ်ထဲကကောင် လို့ထင်တယ်။ ကျွန်တော်ခေတ်ထဲ မှာပဲနေထိုင်တယ်။
Q. ပရိသတ်ကိုဘာတွေ ပြော ချင်သေးလဲ။
A. ဒီရက်ပိုင်း ကျွန်တော်တော် တော်ပင်ပန်းပါတယ်။ ပွဲတွေရော၊ ရိုက်ကူးရေးတွေရော၊ Seagames Reharsal တွေရောသွားရတယ်။ နိုင်ငံတကာ အနုပညာရှင်တွေနဲ့ တွဲ ဖက်ဖျော်ဖြေရမှာဆိုတော့ ဖိစီးမှု လည်းများတယ်။ ဖိအားလည်းများ တယ်။ ကျွန်တော့်စိတ်နဲ့ ကျွန်တော် ဆို ကျွန်တော်ဒီလောက်မလုပ်နိုင်ပါ ဘူး။ ကျွန်တော်ညမအိပ်ခင်ပဲ ဖြစ် ဖြစ်၊ နံနက်အိပ်ရာထရင်ပဲဖြစ်ဖြစ် Facebook က message တွေ ဖုန်းက message တွေဖတ်ပါတယ်။ အဲဒီအခါ ပရိသတ်တွေက Sai Sai fighting ဆိုတဲ့ စာလုံးလေးတွေ ဖတ်ပြီးဆက်သွားနေတာပါ။ ကျွန် တော် သိစေချင်တာက ပရိသတ် အားပေးလို့ ကျွန်တော်ကျေးဇူးတင် တယ်ဆိုတဲ့စကားမျိုးမဟုတ်ဘူး။ Thank You ဆိုတဲ့ စကားထက်ပို တဲ့ စကားလုံးရှိရင် ပရိသတ်ကြီးကို ပြောချင်တယ်။

No comments:

Post a Comment