Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 30, 2013

သင်ဇာဝင့်ကျော်ပြောတဲ့ သူ့အကြောင်း

My Head - Head က ဆံ ပင်ပေါက်နေတယ်။ ပေါက်နေတဲ့ ဆံပင်ကို ဘယ်အရောင် ဆိုးရမလဲ ဆိုတာ အမြဲစဉ်းစား ရတယ်။
My Brain - ဦးနှောက်က အမှန်အမှားကို ခွဲခြားဆံုးဖြတ်တယ်။ အခု လုပ်နေတဲ့ အလုပ်ကို ဘယ် လိုလုပ်ရမလဲ ဆိုတာ အမြဲစဉ်းစား တယ်။
My Eyes - အနုပညာရှင် မင်းသမီးလည်း ဖြစ်တဲ့အတွက် အမြဲ ခြယ်နေရတဲ့ မျက်လုံးလေးပါ။ အလှပြင်တဲ့ နေရာမှာလည်း မျက် လုံးက မပါရင် မပြီးသလို ခြယ်ဖို့ အခက်ဆုံးနေရာပါ။
My Ears - နားကပ်လှလှ လေးတွေဝတ်ဖို့၊ သူများပြောနေတဲ့ စကားတွေကို နားထောင်ဖို့။
My Nose - နှာခေါင်းကျ တော့ မျက်နှာတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ နှာခေါင်းနဲ့ အသက်ရှူတယ်။ ဟင်း နံ့မွှေးမွှေးလေးတွေ ရေမွှေးနံ့မွှေးမွှေး လေးတွေကို နှာခေါင်းနဲ့ ရှူတယ်။ My Mouth - ပါးစပ်က ပြောသင့်တဲ့ စကားတွေကို ပြော တယ်။ မပြောသင့်တဲ့ စကားတွေဆို မပြောဘူး။ ဒီပါးစပ်နဲ့ အစားတွေ စားတယ်။
My Teeths - အစားတွေကို သွားနဲ့ဝါးတယ်။ သွားလေးတွေလှပ ဖို့ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ် ကြိမ်စစ်ဖြစ်တယ်။
My Neck - လည်ပင်းမှာကျ တော့ ဆွဲကြိုးလှလှလေးတွေဝတ် ဆင်ဖို့ အသုံးပြုတယ်။
My Shoulder - ပခုံးမှာ ကျောပိုးအိတ်၊ ပိုက်ဆံအိတ်တွေ လွယ်တယ်။ ပရိသတ်ကပေးတဲ့ မင်း သမီးဆိုတဲ့တာဝန်တွေကို ပခုံးနဲ့ ထမ်းထားတယ်။
My Heart - နှလုံးကတော့ အသက်ရှင်ဖို့အတွက် အမြဲတမ်း ခုန်နေတယ်။ အချစ်အတွက် ခုန်နေ တာမဟုတ်ဘူး။
My Hands - လက်တွေက ပစ္စည်းတွေကို ကိုင်တွယ်ဖို့၊ နာရီ ဝတ်ဖို့၊ လက်စွပ်တွေ ဝတ်ဖို့အတွက် အသုံးပြုတယ်။
My Legs - ခြေထောက်က ကျတော့ အလုပ်သွားရင် တက်ကြွ တဲ့ ခြေလှမ်းတွေဖြစ်အောင် အသုံး ပြုတယ်။ ဖိနပ်လှလှလေးတွေစီး တယ်။
My Money - ပိုက်ဆံက မရှိ မဖြစ်လိုအပ်တဲ့ အရာမဟုတ်ပေ မယ့် ဒီအချိန် ဒီလောကကြီးထဲမှာ ပိုက်ဆံရှိမှ ဝယ်ချင်တာတွေ ဝယ် လို့ရမယ်ဆိုတော့လည်း ပိုက်ဆံဆို တာရှာတော့ ရှာနေတယ်။ ပိုက်ဆံ ကမိဘတွေကိုလည်းကန်တော့ တယ်။ ကိုယ့်ဘာသာကိုယ်လည်း သုံးတယ်။
My Work - အခုလုပ်နေတာ သင်ဇာဝါသနာပါတဲ့ အလုပ်ပါ။ ဒီ အလုပ်က သင်ဇာအတွက် အရမ်း အရေးကြီးသလို အရမ်းလိုအပ်ပါ တယ်။
My Lover - သင်ဇာချစ်တဲ့ သူက သင်ဇာရဲ့ဆွေမျိုး၊ မိဘ၊ မောင်နှမ ပြီးတော့ သင်ဇာပရိသတ် ကြီးနဲ့ သူငယ်ချင်းတွေပါပဲ။
My Hobby - ရေကူးတာ ဝါသနာပါတယ်။ တီဗီကြည့်တာ၊ အပြင်သွားတာ။ သီချင်းနားထောင် တာဝါသနာပါတယ်။
My Aim - သင်ဇာ့ ရည်ရွယ် ချက်က သင်ဇာ့မိဘနှစ်ပါးကို လုပ် ကျွေးနိုင်တဲ့ သမီးကောင်းရတနာ ဖြစ်ဖို့ရယ်၊ ပရိသတ်ကြီး အပေါ်မှာ တာဝန်ကျေတဲ့ အနုပညာသမား တစ်ယောက်ဖြစ်ဖို့က သင်ဇာ့ ရည် ရွယ်ချက်ပါ။  (သင်ဇာဝင့်ကျော်ရဲ့ ဓာတ်ပုံတွေ၊သူရိုက်ကူးခဲ့တဲ့ဗီဒီယိုတွေကြည့်ချင်ရင် ဒီလင့်http://www.venuscurves.com/search/label/ThinZarWintKyawမှာကြည့်လို့ ရပါတယ်။)

No comments:

Post a Comment